မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 222
“နောက်ယောင်ခံလိုက်ခြင်း”
ဝမ်ရမ်ချူးချူးသည် မျက်မှောင်ကြုတ်ရင်း တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေမိသည်။
[ငါသူ့ကို ကြိုက်နေတာလား၊ မဟုတ်သေးပါဘူး၊ ဒါဆို မကြိုက်ဘူးလား။ အင်း . . . ငါ့ကိုယ်ငါတောင် မသိတော့ပါလား။ သူက ဂိုဏ်းအတွက် အရေးပါဆုံးလူပဲ။ ဒါပေမယ့် ဒီမှာတော့ သူက ငါ့ရဲ့ ရန်သူ။ သူ့ကို သတ်လို့လည်းမရသလို ကြိုက်လို့လည်း မဖြစ်ပြန်ဘူး။ ငါဘာလုပ်ရတော့မှာလဲ . . .]
ဝမ်ရမ်ချုးချူး၏ စိတ်ထဲတွင် အတွေးများဖြင့် ရှုပ်ထွေး နောက်ကျိလျက်ရှိသည်။
ပိုင်ရှင်းယွဲ့သည်လည်း ထိုနည်းတူပင် ဖြစ်သည်။ သူ၏ စိတ်ထဲတွင် မည်သို့ဆုံးဖြတ်ရမည်ကို ဝေခွဲမရ ဖြစ်နေလေသည်။
သူမတို့ နှစ်ဦးသည် မည်သည့်စကားမျှ ဆက်မပြောကြဘဲ ကိုယ်စီ အတွေးနယ်ချဲ့နေကြသည်။
ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင် -
[တကယ်လို့သာ အဆင်ပြေသွားမယ်ဆိုရင် ငါ့ဂိုဏ်းကိုတောင် ငါပြန်နိုင်လောက်မယ်။ ငါ့ဝေဒနာ သက်သာသွားရင် အစ်မကျွင့်ကိုလည်း သွားတွေ့လို့ရမယ်။ သူရော ဘယ်လိုနေလဲ မသိဘူး။ နောက်ပြီး ဟိုစကားစုကို ဘယ်သူ့ ပြောမိသေးလဲလို့ မေးကြည့်ရဦးမယ်။ ဒီလို စကားကို မော်တယ်ကမ္ဘာက လူ က ဘယ်လိုလုပ်ပြီး ကြားဖူးနေရတာလဲ . . .]
ပိုင်ရှင်းယွဲ့သည် သက်ပြင်းချလိုက်ရင်း -
“ယင်နဲ့ယန် စွမ်းအားကို သုံးပြီး ဝေဒနာကို ကုသတာ တကယ်ကို ကောင်းတယ်။ ဒါပေမယ့် ကုပေးမယ့် လူက ဘာကြောင့် ယောကျာ်းဖြစ်နေရတာလဲ . . .”
အမိုးပေါ်မှလူသည် အောက်သို့ အသာအယာ ဆင်းသွားလေသည်။ သူမ၏ နှုတ်မှလည်း တတွတ်တွတ်ဖြင့် -
“လင်းပါအိုခန်းမ၊ ဖန်ဇီလင်၊ ယင်နဲ့ယန် စွမ်းအား . . . ဝေဒနာကို ကုပေးနိုင်တယ် . . ."
“အသားချင်းထိတွေ့ဆက်ဆံပြီး ကုမှာ . . .”
စကားလုံးများကြောင့် သူမကိုယ်တိုင်သည်လည်း စိတ်ရှုပ်ထွေးနေသည့်ပုံပင်။
ŞİMDİ OKUDUĞUN