Chapter (426)"မိုးကောင်းကင်ကို ထိတွေ့ရသည်ထက် ခက်၏"

232 18 0
                                    

Chapter (426)

“မိုးကောင်းကင်ကို ထိတွေ့ရသည်ထက် ခက်၏”

ကျောင်းဖင်းရှန် ပြောလိုက်သည့် စကားကြောင့် ရဲရှောင် အံ့ဩသွားမိသည်။ သို့သော် အချိန်အနည်းငယ်ခန့် စဉ်းစားမိလိုက်သောအခါ ကျောင်းဖင်းရှန်၏ အခြေအနေအား သဘောပေါက်သွားသည်။ ကျောင်းဖင်းရှန်သည် မော်တယ်ကမ္ဘာတွင် သတ်ဖြတ်ခြင်း ဘုရင်ဟု ကျော်ကြားသည့်တိုင် အဆင့်မြင့်နယ်ပယ်မှ ပညာရှင်များနှင့် တစ်ခါမျှ တွေ့ဖူးသည့်ပုံ မပေါ်ချေ။

“ခင်ဗျားကအခု ကောင်းကင်အဆင့်ရဲ့ ထိပ်ဆုံး မဟုတ်လား . . .”

ရဲရှောင် မေးလိုက်သည်။

“ဟုတ်တယ် . . .”

ကျောင်းဖင်းရှန် ခေါင်းညိတ်၍ ပြန်ဖြေလိုက်၏။

“ကောင်းကင်အဆင့်ပြီးရင် မူလဝိညာဉ်တော် အဆင့်ဆိုတာ ရှိတယ်။ အဲဒီအဆင့်မှာ အဆင့်ပေါင်း ၉ ဆင့် ရှိတယ်။ အဲဒါပြီးရင်တော့ မူလအိပ်မက်အဆင့်ကို ရောက်မယ်။ အဲဒီမှာလည်း အဆင့်ပေါင်းက  ၉ ဆင့်ပဲ။ မူလတာအိုအဆင့် ဆိုတာကတော့ မူလအိပ်မက်အဆင့်ပြီး ရောက်မယ့် အဆင့်ပေါ့။ အဲဒီမှာလည်း အဆင့်ပေါင်း ၉ ဆင့် ရှိတယ်။ ဒီအဆင့်မှာဆို အဆင့်တစ်ဆင့်တက်ချင်ရင် ကောင်းကင်ဘုံတစ်ခုကို တက်ရသလို သတ်မှတ်လို့ရတယ် . . .”

“ဒီနယ်ပယ်ကလူတွေ ယုံကြည်နေကြတဲ့ နတ်ဘုရားအဆင့်တွေဘာတွေ ဆိုတာက မူလဝိညာဉ်တော် အဆင့်လောက်ကို ပြောနေကြတာပဲ။ တစ်ခါတလေ မူလတာအိုအဆင့်ရှိတဲ့ ပညာရှင်တွေ ပေါ်လာတတ်ပေမယ့် သူတို့က ဒီကလူတွေ မဟုတ်ဘူး။ မတော်တဆ ရောက်လာကြတဲ့ သဘောပဲ။ သူတို့ရဲ့ အစွမ်းက ဒီကမ္ဘာထက် အများကြီး သာလွန်နေတယ်။ အဲဒါကြောင့် ကောင်းကင်အဆင့်ကို ကျော်ဖြတ်နိုင်သွားတဲ့ လူဆိုရင် အဆင့်မြင့်နယ်ပယ်တစ်ခုခုကို တက်သွားကြရတာပဲ . . .”

ရဲရှောင် ပြောလိုက်သည့် စကားကြောင့် ကျောင်းဖင်းရှန်၏ မျက်နှာအမူအယာသည် ရုတ်ချည်း ပြောင်းလဲသွားသည်။

ထို့ပြင် သူ၏ ရင်ထဲတွင် စို့နင့်သွားသလိုလည်း ခံစားလိုက်ရသည်။

ကျောင်းဖင်းရှန်အတွက် ကောင်းကင်အဆင့် ၉ သို့ ရောက်ရှိရန်အတွက် အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရသည်။ သို့သော် ထိုအဆင့်ထက်တွင် အဆင့်ပေါင်းများစွာ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့မိချေ။ ကောင်းကင်အဆင့်၏ အထက်တွင် အဆင့် ၉ ဆင့်ရှိသော မူလဝိညာဉ်တော်အဆင့် ရှိနေသည်။ ထိုမူလဝိညာဉ်တော်အဆင့် တစ်ဆင့်အား ကျော်ဖြတ်ရသည်မှာ ကောင်းကင်အဆင့်ထက် အဆထောင်သောင်းမက ခက်ခဲလှသည်။ ထိုအထက်တွင် မူလအိပ်မက်အဆင့် ရှိနေသေးသည်။ ခက်ခဲမှုမှာလည်း အဆမတန် ကွာခြားသွားပေလိမ့်မည်။ မူလတာအိုအဆင့်အတွက် ဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now