Chapter - 256"ထူးဆန်းသောစွမ်းအင်"

256 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 256

“ထူးဆန်းသောစွမ်းအင်”

အဆင့်တက်ပြီးသည့်နောက်တွင် စွမ်းအင်များသည်
သူ၏ သွေးကြောများအတွင်း အရှိန်အဟုန်အပြည့်ဖြင့် စီးဆင်းနေသည်ကို ရဲရှောင် ခံစားမိလိုက်သည်။

အလွန်အံ့သြဖွယ်ကောင်းသော ပြောင်းလဲမှုပင် ဖြစ်သည်။ ထို့ပြင် သူ၏ စွမ်းအင်သိုလှောင်ရာသည်လည်း ယခင်ကထက် ၁၀ခန့်ပင် ပို၍ ကျယ်ပြန့်လာခဲ့သည်။ ထိုသို့ ကျယ်ပြန့်လာသည့်အခါ နဂိုမူလက ရှိနေသည့် စွမ်းအင်များဖြင့် လုံလောက်မှု မရှိတော့ချေ။ နှိုင်းယှဉ်ပြရမည်ဆိုလျှင် ပုံးကြီးတစ်ပုံးအတွင်း ရေခွက်တစ်ခွက်စာ ခပ်ထည့်ထားသလိုပင် ဖြစ်နေလေသည်။ ခွက်ထဲတွင်မူ ရေအပြည့်ဖြစ်နေသော်လည်း ပုံးကြီးထဲတွင်မူ ဖင်ကပ်သာ ရှိနေပေလိမ့်မည်။ ထို့ကြောင့် စွမ်းအင်သိုလှောင်ရာအတွင်း စွမ်းအင်များ ပြည့်ဝနေစေရန်အတွက် ဖြည့်တင်းရန် လိုအပ်နေပါသေးသည်။

ထို့ပြင် ရဲရှောင်၏ သွေးကြောများသည်လည်း ယခင်ထက်ပင် များစွာ ကျယ်ပြန့်လာခဲ့သည်။ ဥပမာဆိုရလျှင် ရထားလုံးတစ်စီးစာ လမ်းလေးမှ ရထားလုံး လေးငါးစီး သွားနိုင်သော လမ်းမကြီးတစ်ခုကဲ့သို့ပင် ဖြစ်သွားခြင်း ဖြစ်သည်။ အလွန်ကြီးမားလှသော ကွာခြားမှုပင် ဖြစ်သည်။

ရဲရှောင်၏ အခြေအနေသည် အဆင့်သစ်သို့ တက်နိုင်သွားခဲ့သော်လည်း ကို့ရို့ကားယားပင် နိုင်လျက် ရှိသည်။ သူ၏ စွမ်းအင်သိုလှောင်ရာသည် ဗလာနတ္ထိနီးပါး ဖြစ်နေပြီး လက်ရှိ ရှိနေသည့် ဝိညာဉ်တော် စွမ်းအင်များသည် စွမ်းအင်သိုလှောင်ရာ၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိနေလေသည်။ ထို့ပြင် သွေးကြောများ ကျယ်ပြန့်သွားမှုကြောင့် စွမ်းအင်စီးဆင်းရာတွင် သွေးကြောများအတွင်း အပြည့်အဝ စီးဆင်းနိုင်ခြင်း မရှိတော့ချေ။

ထိုပြဿနာအား ဖြေရှင်းနိုင်မည့် နည်းလမ်းသည် ခက်ခက်ခဲခဲတော့ မဟုတ်ပေ။ ဝိညာဉ်တော်စွမ်းအင် များစွာ စုပ်ယူရန်သာ လိုအပ်လေသည်။ ထိုကဲ့သို့ ချီဓာတ်များ ဖြည့်တင်းပြီးမှသာ ကျင့်ကြံမှုများ ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ လက်ရှိအချိန်တွင်မူ ရဲရှောင်အနေဖြင့် ကိုယ့်ကိုယ်ကို အပြည့်အဝ ထိန်းကွပ်နိုင်ရန် လိုအပ်နေပါသေးသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားDär berättelser lever. Upptäck nu