Chapter (487)"ရှင့်အကူအညီလိုတယ်"

244 23 0
                                    

Chapter (487)

“ရှင့်အကူအညီလိုတယ်”

“ဟဲဟဲ . . . ဒါကတော့ . . . ပြောရရင် . . .”

ဝမ်အာ၏ စိတ်ထဲတွင် ပြောမည့် စကားလုံးများအား စဉ်းစား ရွေးချယ်နေမိသည်။ သို့သော် ပွင့်ပွင့်လင်းလင်းပင် ပြောမှ ဖြစ်မည်ဟုလည်း တွေးလိုက်မိသည်။

“ကျွန်မတို့ အများကြီး လုပ်ခဲ့ကြပြီးပြီ။ ကျွန်မတို့တွေ အခုတော့ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ကို ပြန်သွားကြဖို့ ဆုံးဖြတ်လိုက်ကြပြီ။ ဒီမှာ ထပ်မနေကြတော့ဘူးလေ . . .”

ရဲရှောင်မှ -

“အင်း . . .”

ရဲရှောင်အနေဖြင့် ဝမ်အာပြောချင်နေသည့် အကြောင်းအရာများအား နားလည်သလိုလို ဖြစ်လာလေသည်။

“ကျွန်မတို့ ဒီမှာ နေနေနိုင်ကြတယ်ဆိုတာ နတ်ဘုရားအပြစ်ဒဏ်ကြောင့်ပဲ။ ကျွန်မတို့ရဲ့ စွမ်းအင်တွေကို ကန့်သတ်ခံထားရတယ် . . .”

ချူးအာမှ ခပ်တိုးတိုး ပြောလိုက်သည်။

“ကျွန်မတို့သာ အကန့်အသတ်ကို မချိုးဖျက်နိုင်ဘူးဆိုရင် ဒီကထွက်နိုင်တော့မှာ မဟုတ်ဘူး။ ကျွန်မတို့ရဲ့ ပုံမှန်အစွမ်းကို ပြန်မရရင် ဒီကနေ ထွက်နိုင်မှာလည်း မဟုတ်ဘူးလေ . . .”

ဝမ်အာမှ -

“ကျွန်မတို့ ဘယ်နယ်ပယ်ကိုပဲသွားသွား ဟင်းလင်းပြင် မုခ်ဝကို ဖွင့်ဖို့အတွက် စွမ်းအားတွေ လိုအပ်တယ်”

“ကျွန်မတို့ လက်ရှိအနေအထားနဲ့ ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူး . . .”

“ဒီလို အကန့်အသတ်နဲ့ ချုပ်နှောင်ထားတာကို ဖျောက်ပစ်နိုင်မှ ဒီကနေ ထွက်သွားနိုင်မှာ၊ အဲဒါကြောင့် ရှင့်အကူအညီ လိုနေရတာပဲ . . .”

“ကျွန်မတို့ လိုနေတဲ့အရာကို အောင်မြင်အောင် လုပ်ပေးနိုင်မယ့်လူက မိုးအောက်မြေပြင်မှာ တစ်ယောက်ပဲ ရှိတယ် . . .”

“အဲဒါရှင်ပဲ ဖန်ဧကရာဇ် . . .”

မိန်းကလေး ၂ ဦးသည် အရာအားလုံးအား ရှင်းပြလျက် ရှိသည်။

ရဲရှောင် ကျေနပ်သွားဟန်ဖြင့် -

“ကောင်းကင်ဆန့်ကျင်ဆေးလုံး လိုချင်တာပေါ့ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now