Chapter - 269"ရယ်မောခြင်းလေပြည်"

242 18 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 269

“ရယ်မောခြင်းလေပြည်”

နန်ရှန်ဆင်းသည် ရဲရှောင်၏ အပြုအမူများအား အစမှ အဆုံးတိုင်အောင် အသေအချာ အကဲခတ်နေမိသည်။ ထို့နောက် အထင်သေးသည့်ဟန်ဖြင့် -

“တော်တော်ကောင်းတဲ့ အကွက်ပဲ။ လေထဲကနေ ဓားတစ်ချောင်း ဖြစ်အောင် လုပ်လိုက်တာပါလား၊ မဆိုးပါဘူး။ ဒါပေမယ့် မင်းရဲ့ ဓားက ကြည့်လို့ ကောင်းရုံပဲ ဖြစ်နေတာကတော့ စိတ်ပျက်စရာပဲ။ တချို့ အတွေ့အကြုံမရှိတဲ့ လူတွေကိုတော့ မင်းလှည့်စားလို့ ရရင် ရမှာပေါ့။ ဒါပေမယ့် ငါ့အတွက်ကတော့ ကလေးကစားသလောက်ပဲ . . .”

ရဲရှောင်လည်း နန်ရှန်ဆင်းအား စိုက်၍ ကြည့်လိုက်ရင်း -

“အသုံးဝင်လား မဝင်လားဆိုတာ သိပ်မကြာခင် သိရတော့မှာပါ . . .”

(ဒီကောင်က သူ့ကိုယ်သူ ငါ့ထက် အများကြီး အစွမ်းထက်မယ်လို့ ထင်နေတယ်။ အဲဒါကြောင့်မို့သာ ငါအခုလို ဓားလုပ်ပြီးတဲ့အထိ စိတ်ရှည်လက်ရှည် ထိုင်စောင့်နေတာပေါ့။ ဒီဓားက သူ့အတွက် ဘယ်လောက် အန္တရာယ်များမလဲ ဆိုတာကို သိပုံလည်း မရဘူး။ ပြီးမှ နောင်တရနေမှာ မြင်ယောင်သေးတယ် . . .)

မိမိကိုယ်ကို အထင်ကြီးလွန်းနေသော နန်ရှန်းဆင်းအား ကြည့်ရင်း ရဲရှောင်၏ စိတ်ထဲတွင် တွေးမိလိုက်သည်။

ရဲရှောင်၏ ခန္ဓာကိုယ်အတွင်းတွင် ဝိညာဉ်တော် ချီဓာတ်များ အဆက်မပြတ် စီးဆင်းနေသည့်အတွက် အပြာရောင် အလင်းအချို့သာမက ရွှေရောင် အလင်းအချို့သည်လည်း သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေလျက် ရှိသည်။

“ဖန်ဧကရာဇ် . . . တွေ့ကြသေးတာပေါ့ကွာ . . .”

နန်ရှန်ဆင်းသည် အခြေအနေများအား အနည်းငယ် ရိပ်စားသွားမိသည့်အတွက် တွေဝေတုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ ရဲရှောင်၏ အနားသို့ သွားကာ ဓားအား ဖမ်းဆွဲရန် ကြိုးစားလိုက်သည်။

သို့သော် ရဲရှောင်သည် ဘေးသို့ အနည်းငယ်မျှ ရွေ့လျား၍ အသာအယာပင် ရှောင်တိမ်းလိုက်သည်။

ရဲရှောင်အဖို့ ထိုရွေ့လျားမှုအား ဖြည်းညှင်းစွာဖြင့်ပင် ပြုလုပ်လိုက်သော်လည်း အလွန်ပင် ပညာသားပါလှသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now