Chapter - 274"ဝှက်ဖဲ"

228 21 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 274

“ဝှက်ဖဲ”

ချန်ယွင်းဖန်သည် ရဲရှောင်၏ အနားသို့ တရွေ့ရွေ့ တိုးကပ်သွားသည်။ ရဲရှောင်ဘက်မှ တစ်စုံတစ်ခု လှုပ်ရှားမှု ပြုလိုက်သည်နှင့် သူ၏ လက်ထဲတွင် ကိုင်ဆောင်ထားသော ဓားဖြင့် ခုတ်ပိုင်းချပစ်မည်ဟု ဆုံးဖြတ်ထားသည်။ ထို့ကြောင့် သတိနှင့် သွားနေခြင်းပင် ဖြစ်သည်။

ရဲရှောင်သည် ချောင်းများ ထပ်မံဆိုးသွားပြီး ပါးစပ်မှ သွေးများ အန်ထွက်သွားသည်။ ထပ်ခါထပ်ခါပင် ဆိုး၍ အန်ထွက်နေခြင်း ဖြစ်သည်။

ဓားကိုင်ဆောင်ထားသော ချန်ယွင်းဖန်၏ လက်များသည် တုန်ယင်လျက်ရှိပြီး သက်ပြင်းတစ်ချက် ချမိလိုက်သည်။

“ဟူး . . .”

ချန်ယွင်းဖန်သည် ရဲရှောင်၏ အခြေအနေအား မြင်လိုက်ရသောအခါ စိတ်ချလက်ချပင် ဖြစ်သွားပြီး အနားသို့ ပို၍ တိုးကပ်သွားသည်။ လက်ရှိအချိန်တွင် သူသည် ရဲရှောင်၏ လက်တစ်ကမ်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် သတိမပြတ် ရှိနေသူပီပီ ရဲရှောင်၏ ခြေထောက်အား သွေးတိုးစမ်းသည့် သဘောဖြင့် လှမ်းကန်လိုက်သည်။ ရဲရှောင်လည်း အော်ဟစ် ညည်းညူလိုက်ရင်း ဒေါသတကြီးဖြင့် -

“ခွေးကောင် . . . မင်းငါ့ကို သတ်ရင်လည်း သတ်လိုက်တော့၊ ဒီလိုမျိုး ပညာရှင်တစ်ဦးကို စော်ကားချင်တိုင်း စော်ကားလို့ ရမယ်လို့ မင်းက ထင်နေတာလား . . .”

ချန်ယွင်းဖန်သည် သူ၏ စိတ်အား ဒုံးဒုံးချလိုက်သည်။ ထိပ်တန်းပညာရှင်တစ်ဦးဖြစ်သူ ဖန်ဧကရာဇ်သည် ယခုအခါတွင် လှုပ်ပင် မလှုပ်နိုင်တော့ချေ။

ပို၍ စိတ်ချနိုင်စေရန်အတွက် သူ၏ ခြေထောက်ဖြင့် ဓားများနှင့် အပ်များအား အဝေးသို့ ကန်ထုတ်ပစ်လိုက်သည်။ ထို့နောက် ပြုံးလိုက်ရင်း -

“ဖန်ဧကရာဇ် . . . မင်းက ဘာတွေ ပြောနေတာလဲ။ ငါက မင်းခြေထောက်ကို ကန်ရုံပဲ ကန်လိုက်တာပါ။ မင်းရဲ့ အတွင်းခံတွေ ချွတ်ပစ်နေတာမှ မဟုတ်တာ။ မင်းက သိပ်ပြီး စိတ်တိုတတ်တာပဲ။ ငါမင်းကို အခု ဘယ်လိုများ သတ်ရမှာလဲကွ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားOnde histórias criam vida. Descubra agora