Chapter - 221"အမည်မသိ"

281 19 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter - 221

"အမည်မသိ"

"ငါတို့တွေ အဲဒီနေ့ကိုပဲ စောင့်ကြတာပေါ့။ ငါတို့ရဲ့ ခေါင်းဆောင်မရှိတော့ရင် ရန်သူတွေ ဒီကို သေချာပေါက် ရောက်လာမှာပဲ။ အဲဒီနေ့ကျမှ ငါတို့ စုပေါင်းပြီး သူတို့ကို ငရဲပို့ပစ်မယ် တိုက်ရင်းနဲ့ ငါတို့ အတူသေကြတာပေါ့။ အဲ့ဒီအခါကြမှ တမလွန်ကနေ ခေါင်းဆောင်ကို ဆက်ရှာကြမယ်။ ငါတို့တွေ သူ့အရိပ်အောက်မှာပဲ ခိုလှုံကြတာပေါ့ . . ."

တိမ်မြူခိုးနန်းတော်တွင် ငိုကြွေးသံများဖြင့် ဖုံးလွှမ်းသွားလေသည်။

အရှေ့အရပ်၌ အနီရောင်အလင်းတန်းများသည် အဆက်မပြတ် လင်းလက်တောက်ပလျက် ရှိသည်။ ထိုအချိန်တွင် ပေါက်ကွဲသံကြီးတစ်ခုသည် ကျယ်လောင်စွာဖြင့် မြည်ဟီးသွားသည်။

ထိုပေါက်ကွဲသံကြီးကြောင့် ချင်းယန်နယ်ပယ် တစ်ခုလုံးပင် တုန်ခါသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။

ထို့နောက် စူးစူးဝါးဝါးဖြင့် အော်ဟစ်လိုက်သည့် အသံတစ်သံသည် ထွက်ပေါ်လာပြီး ချက်ချင်းပင် ပြန်လည် ငြိမ်ကျသွားသည်။

ကမ္ဘာကြီးတစ်ခုလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။

မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မည်သူမျှ မသိနိုင်ချေ။

[ငါတို့ရဲ့ ခေါင်းဆောင် အဆင်ရော ပြေရဲ့လား . . .]

မိန်းကလေးများသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း တွေးလိုက်မိကြသည်။

"ငါတို့တွေ သွားကြည့်ကြမယ် . . ."

ဆံပင်များ ဖွေးဖွေးဖြူနေသည့် အဘွားအိုကြီးတစ်ဦးသည် ဝမ်းပန်းတနည်းဖြင့် ပြောလိုက်သည်။

"ဘယ်လိုပဲ ဖြစ်ဖြစ်၊ ငါတို့ရဲ့ ခေါင်းဆောင် အဆင်ပြေလား မပြေလားဆိုတာ သိမှဖြစ်မယ် . . ."

သူမတို့အားလုံးသည် အံကိုတင်းတင်းကြိတ်၍ မျက်ရည်များ သုတ်လိုက်ကြသည်။ ထို့နောက် တွေဝေတုန့်ဆိုင်းခြင်း အလျဉ်းမရှိဘဲ အရှေ့အရပ်သို့ ပြေးထွက်သွားကြပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now