Chapter - 366"ဓားတစ်ချောင်းနှင့်လူတစ်ယောက်"

196 18 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 366

“ဓားတစ်ချောင်းနှင့်လူတစ်ယောက်”

လက်နက်များစွာဖြင့် ထိမှန်ခဲ့သော်လည်း လျူချန်းဂျန်ထံတွင် သေလုမြောပါး ကြီးမားသည့် ဒဏ်ရာမျိုးတော့ မရရှိသေးချေ။ သွေးသံရဲရဲဖြင့်သာ လျင်မြန်စွာ ပျံသန်းပြေးလွှားလျက် ရှိနေခဲ့သည်။ ထိုကဲ့သိုိ့ု့ ဒဏ်ရာပြင်းထန်စွာ မရသေးသော်လည်း သွေးထွက်လွန်နေသကဲ့သို့ ဖြစ်နေလေသည်။ ထို့ကြောင့် သူ၏ စွမ်းအင်များ လည်း ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့သည်။ လျူချန်းဂျန်၏ မျက်လုံးများသည် ဝေဝါးလာ၍ ရှေ့ဆက်၍ ပြေးနိုင်လည်းစွမ်းလည်း မရှိတော့ပေ။ ထိုအချိန်မှာပင် သူ၏ ရှေ့၌ မျက်နှာဖုံးတပ် ဝတ်ရုံနက်ဖြင့် လူတစ်ဦး ပေါ်လာလေသည်။

လျူချန်းဂျန်သည် ရှည်ရှည်ဝေးဝေး မစဉ်းစားနိုင်တော့ဘဲ လက်ထဲရှိ ဓားဖြင့် လွှဲကာ ထိုလူအား ခုတ်ပိုင်းလိုက်သည်။ အားအင်ကုန်ခန်းလုနီးပါး ဖြစ်နေသည့်တိုင် ခုတ်ချက်မှာ ပြင်းထန်အားပါလှသည်။

ထိုကဲ့သို့သာ မခုတ်ပါက ထိုဝတ်ရုံနက်ဖြင့်လူ၏ လက်ချက်ဖြင့် သူသေသွားနိုင်သည်ကိုလည်း သိနေခဲ့သည်။

ထို့ကြောင့် ထိုသို့ ခုတ်ပိုင်း၍ လျင်မြန်စွာ ထွက်ပြေးရန် ကြံရွယ်လိုက်ခြင်း ဖြစ်သည်။

“ငါပါ . . .”

နင်ဘီလျူ အော်ပြောလိုက်သည်။

သို့သော် လျူချန်းဂျန်သည် သတိလက်လွတ် နီးပါး ဖြစ်နေသည့်အတွက် နင်ဘီလျူ ပြောလိုက်သည့် အသံအား မကြားတော့ချေ။ အားမာန်အပြည့်ဖြင့် ခုတ်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ နင်ဘီလျူမှာမူ လျူချန်းဂျန်၏ ခုတ်ချက်အား ဘေးသို့ အသာအယာ ရှောင်တိမ်းလိုက်သည်။

ထိုအချိန်တွင် နောက်မှ အပြာရောင် ဓားအလင်းတန်းများစွာ လင်းလက်လျက်ရှိသော ကောင်းကင်အဆင့် ပညာရှင် ရာပေါင်းများစွာ လိုက်လာနေပြီ ဖြစ်သည်။

လျူချန်းဂျန်သည် သူ၏ ရှေ့မှလူသည် ထိပ်တန်း ပညာရှင်တစ်ဦး ဖြစ်မည်ဟု တွေးမိလိုက်သည်။ လူအုပ်ကြီးအား ကြည့်ရင်း နင်ဘီလျူ၏ မျက်လုံးများသည် အေးစက်သွားကာ သတ်ဖြတ်လိုသော အငွေ့အသက်များလည်း ထွက်ပေါ်လာခဲ့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now