အခန်း(၁)

1K 54 2
                                    

အခန်း(၁)

ပုံရိပ်များ။





“မြန်မြန်…..”

“ရူအာ....  မင်းက ယန်အာကို ခေါ်သွားရမယ်။ ငါက မဟာချင်အင်ပါယာနဲ့ ယန်အာကို မင်းလက်ထဲမှ ထားခဲ့မယ်။"

“သွားတော့… ခမည်းတော်က မင်းတို့အကုန်လုံးကို အခုထွက်သွားဖို့ ပြောနေတယ်။"

သူ၏ နောက်တွင် ဖုန်မှုန့်များမှာ တိမ်များကဲ့သို့ လိုက်လာပြီး အင်အားကြီးသော ရန်သူများမှ လိုက်လာခြင်း ခံနေရသည်။

မဟာချင်အင်ပါယာ၏ ဧကရာဇ်မှာ မဝေးလှသော နေရာတွင် ရန်သူများဖြင့် တိုက်ခိုက်နေသည်။ သူက ရန်သူများကြောင့် ဒဏ်ရာအပြင်းအထန်ရထားလေသည်။ ရှစ်နှစ်အရွယ်သာ ရှိသေးသော မိန်းကလေးတစ်ယောက်မှာ သူမထက် နှစ်နှစ်သာ ကြီးသော အစ်ကိုမှ တင်းကျပ်စွာ ပွေ့ဖက်ထားခြင်း ခံရသည်။ သူက သူမ၏ မျက်လုံးများအား ဖုံးကွယ်ထားလေသည်။ သူမက မည်သည့်အသံကိုမှ မကြားရပဲ စိုးရိမ်ပူပန်နေသံများနှင့် လက်နက်ချင်း ထိခတ်သံများသာ ကြားနေရသည်။

အစ်ကိုတော်မှာ သူမအား ​ပွေ့ကာ တောင်ဘက်သို့ အလျင်အမြန် ပြေးသွားပြီး နောက်တစ်ယောက်ထံ ပေးလိုက်သည်။ “Gu Nan Chen ငါ့ရဲ့ ညီမလေးကို ကောင်းကောင်း ဂရုစိုက်ထား။"

“အိမ်ရှေ့စံ.. အိမ်ရှေ့စံက သေလို့ မဖြစ်ပါဘူး။”

“ငါက မဟာချင်အင်ပါယာရဲ့ အိမ်ရှေ့စံပဲ။ ငါက ဘယ်တော့မှ ရှောင်ပြေးတဲ့သူ မဖြစ်ရဘူး။ တကယ်လို့ မိသားစုမှာ တစ်ခုခု ဖြစ်လာရင် ငါက တာဝန်ယူရမယ်။ တကယ်လို့ တိုင်းပြည်မှာ ပြသနာရှိလာရင် ငါက တာဝန်ယူရမယ်။ ငါ့ညီမလေးကို ရေခဲပင်လယ်ကနေ မြန်မြန်ခေါ်သွားတော့……”

ပတ်ဝန်းကျင်အား ကြည့်လိုက်ပြီး မိန်းကလေးမှာ ထိတ်လန့်နေသည်။ သူမက အလွန် ကြောက်ရွံ့နေဟန်ရှိသည်။ သူမ၏ အစ်ကိုဖြစ်သူမှာ ဓါးအား ဝှေ့ယမ်းကာ တိုက်ပွဲထဲသို့ ပြေးဝင်သွားသည်အား ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။ သူမအား ချီထားသူမှာ တောင်ဘက်သို့ ပြေးလာပြီး သူမအစ်ကိုမှာ မြောက်ဘက်သို့ ပြေးသွားသည်။ သူမက ထိုသူ၏ ပုခုံးတွင် မှီရင်း အဝေးပျောက်ကွယ်သွားသော အစ်ကိုဖြစ်သူ၏ ပုံရိပ်အား အမူအရာကင်းမဲ့စွာ ကြည့်နေသည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now