အခန်း(၆၃)

88 10 2
                                    

အခန်း(၆၃)

အမှန်တရား ၉၀%။





မင်းသမီး Huaining မှာ 'အရင်လုပ်၊ နောက်မှ သတင်းပို့'  ချင်နေမှန်း Qi Yu မှာ သိနေသော်လည်း အဆုံးတွင် ကျင်းဝမ်ဖြင့် ရင်ဆိုင်နေရသည့်အတွက် အနည်းငယ် တုံ့ဆိုင်းနေဆဲပင်။

သို့သော် မင်းသမီး Huaining မှာ သူက သဘောတူရန် မစောင့်ခဲ့ပေ။ သူမက ချက်ချင်းပဲ မေးခွန်းထုတ်လိုက်သည်။ “အရှင်ကျန်း ရှင်က Gu Feiyan ကလွဲရင် ဆေးအိတ်နဲ့ ထိတွေ့လာတဲ့ လူအားလုံးကို ဖမ်းထားတယ်။ ရှင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။"

Gu Feiyan မှာ ချက်ချင်းပင် အပြစ်ပုံစွပ်စွဲခံရတော့မည် ရနံ့ကို ရလိုက်ရသည်။ သူမ မင်းသမီး Huaining ကိုကြည့်လိုက်သော်လည်း မည်သည့်စကားမှ မပြောပေ။ ယင်းအစား တစ်စုံတစ်ခုကို တွေးနေသကဲ့သို့ သူမ၏မျက်ခုံးများကို အနည်းငယ် ကျုံ့ထားလိုက်သည်။

Xia Xiaoman မှာ ဒေါသထွက်လာတော့သည်။ သူက အရှင်ကျန်း၏ ရှေ့သို့ အပြေးအလွှား ဒေါသတကြီး ပြေးဝင်လာပြီး အလေးအနက် ရှင်းပြလိုက်သည်။ "မင်းသမီး၊ ဆေးမိန်းကလေးကုက ကျင်းဝမ်အိမ်တော်က ဆေးမိန်းကလေးဖြစ်ပြီးတော့ ဆေးကို ကိုင်တွယ်ဖို့ တာဝန်ယူရသူပါ။ ဒီည  စုံစမ်းရာမှာ ကူညီဖို့ အမိန့်နဲ့ ရောက်လာတာပါ။ ကျွန်တော်က မဖုံးကွယ်တော့ဘူး။ အမှန်အတိုင်းပြောရရင် ဆေးဖက်ဝင်အထုပ်မှာ အမှားအယွင်းရှိနေတယ်လို့ မင်းသမီးက ပြောတယ်နော်။ ဆေးမိန်းကလေးကုက အဲ့တာကို စစ်ဆေးပြီး တွေ့ရှိခဲ့တာပါ။ ဆေးမိန်းကလေးကုကို သံသယဖြစ်စရာ မရှိပါဘူး။”

“ဘာ.. ၊ သူမ အဲတာကိုတွေ့ခဲ့တာလား။”

Gu Feiyan မှာ ထိုသို့ လုပ်ဆောင်နိုင်ရန် Qi Yu မှာ မမျှော်လင့်ထားခဲ့ပေ။ မင်းသမီး Huaining မှာလည်း အံ့သြနေသော်လည်း၊ သူမအား အပြစ်တင်ပုံချရန် စိတ်အားထက်သန်နေကာ အလေးအနက်မထားခဲ့ပေ။

"ဒါဆို သူမရဲ့ စမ်းသပ်ချက် ရလဒ်ဆိုတော့လည်း ဘာဖြစ်လဲ။ သူမ သူခိုး ဟုတ်လား မဟုတ်လား ဘယ်သူက သိမှာလဲ။ ဆေးပို့တာကစပြီး လက်ခံတဲ့အထိ ဆေးအိတ်ကို သူမ တစ်ယောက်တည်းကပဲ ကိုင်ဖို့ အခွင့်အရေးရှိတာ မဟုတ်ဖူးလား။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now