အခန်း(၆၁)

82 9 0
                                    

အခန်း(၆၁)

အကျဥ်းထောင်သို့ သွားရောက်ခြင်းနှင့် သက်သေ တောင်းခံခြင်း။




Gu Feiyan မှာ အကြည့် တစ်ချက်ဖြင့် ကြောက်ရွံ့ထိတ်လန့်နိုင်သူတစ်ဦးမဟုတ်ပေ။ သူမ Xia Xiaoman ၏ နောက်မှ လိုက်ကာ မင်းသမီး Huaining ကို နှိမ့်ချ၊ ထောင်လွှားခြင်း မရှိပဲ အရိုအသေ ပေးလိုက်သည်။ မင်းသမီး Huaining ၏ ဘေးမှ Qi Yu ကိုမူ လေကဲ့သို့သာ သဘောထားလိုက်သည်။

Gu Feiyan မှာ သူ၏ ခေါင်းတွင် ဦးထုပ်စိမ်း ဆောင်းပေးပြီး အပြစ်ရှိစိတ်ဖြင့် ရှောင်တိမ်းနေမည်ဟု Qi Yu မှာ တွေးနေဆဲပင်။ လူမြင်ကွင်းတွင် သူ့ကို လျစ်လျူရှုထားမည်မှန်း ဘယ်သူသိမည်လဲ။ သူက အလွန်ဒေါသထွက်ကာ တစ်ကိုယ်လုံး အစိမ်းရောင် ပြောင်းလုနီးပါးပင်။ ခြေလှမ်းတစ်လှမ်းချင်း သူက Gu Feiyan ဆီသို့ လျှောက်သွားပြီး မျက်လုံးထဲရှိ အကြည့်များမှာ မှုန်မှိုင်းလာသည်။ မင်းသမီး Huaining မှာ Qi Yu ၏ ရှေ့တွင် Gu Feiyan ကို နင်းခြေချင်သော်လည်း Qi Yu မှာ သူမဆီသို့ လျှောက်သွားသည်ကို မြင်လိုက်ရသဖြင့် ပြပွဲကြည့်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

Qi Yu မှာနီးကပ်လာသည်နှင့်အမျှ Gu Feiyan ၏ မျက်လုံးများမှာ နောက်ဆုံးတွင် သူ၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။ သူမ တည်ငြိမ်ပြီး ကြောက်ရွံ့ခြင်းမရှိပေ။ Qi Yu ၏ ခြေလှမ်းများမှာ ပို၍ လေးလံလာပြီး မျက်လုံးများမှာ အချိန်မရွေး ဒေါသဖြစ်လာတော့မည်ကဲ့သို့  မည်းမှောင်လာတော့သည်။

အရှင်ကျန်းမှာ တာဝန်ကြီးလာမည်အား စိုးရိမ်ကာ  အလျင်စလို စည်းရုံးလိုက်သည်။ “စစ်သူကြီးငယ် တကယ်လို့ ပြောစရာရှိရင် စကားကောင်းကောင်းပြောရအောင်။"

Xia Xiaoman မှာ အပြုံးများပြည့်နေသော မျက်နှာဖြင့် Gu Feiyan ကို ကာကွယ်ရန် သူ၏ နောက်သို့ ဆွဲခေါ်လိုက်သည်။ “စစ်သူကြီးငယ်၊ အရမ်းနောက်ကျနေပြီ…"

သူက မဆုံးခင် Gu Feiyan မှာ သူ့ကို ဆွဲထုတ်လိုက်ပြီး တီးတိုးပြောလိုက်လေသည်။ "မန်ကုန်းကုန်း၊ ငါ သူ့ကို မကြောက်ဘူး။"

မကြာခင် Qi Yu မှာ တည်ငြိမ်နေဆဲဖြစ်သည့် Gu Feiyan ၏ ရှေ့တွင် ရပ်လိုက်သည်။ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်သည် အရပ်မြင့်မားသော Qi Yu ၏ ရှေ့တွင် အလွန်သေးငယ်နေပုံရသော်လည်း သူမ၏ ဖြာထွက်နေသော အရှိန်အဝါမှာ အနည်းငယ်မျှ နိမ့်ကျနေခြင်း မရှိပေ။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now