အခန်း(၅)

243 25 0
                                    

အခန်း(၅)

ကောင်မလေး နင်က ပုန်ကန်ချင်တာလား။







Gu Feiyan ၏ သတိပေးမှုကြောင့် သခင်မလင်းနှင့် ဒုတိယစစ်သူကြီးမှာ တော်ဝင်ဆေးပေးခန်းမှ စည်းမျဥ်းအား သတိရသွားတော့သည်။ သို့တိုင် သူတို့၏ အထင်အမြင်အား မဖော်ပြနိုင်ခင် ဝူကုန်းကုန်းမှာ ရုတ်တရက် ပြောလိုက်သည်။ "စစ်သူကြီးငယ်က သေလုမျောပါးဖြစ်နေပြီ.. ငါတို့က ဆေးစမ်းသပ်ဖို့ အချိန် ဘယ်မှာရှိမှာလဲ။ တော်ဝင်သမားတော်ဆုနဲ့ မင်းက ဘယ်လို စီမံနေတာလဲ။ မင်းက ဆေးပို့ဖို့ ဒီလောက် အချိန်ယူနေရတာ.. စစ်သူကြီးငယ်က တစ်ခုခုဖြစ်ရင် မင်းက တာဝန်အပြည့် ယူရမယ်။"

Gu Feiyan မှာ စဥ်းစားလိုက်မိသည်။ "ကုန်းကုန်းအိုကြီး .. ဒီလူက မသေသေးဘူး.. သူက အပြစ်ဖို့ချင်နေပြီ ဘာလို့လဲ။"

သို့တိုင် သူမက အလေးအနက်ထား ရှင်းပြလိုက်သည်။ "ဝူကုန်းကုန်း ကျွန်မတို့က လမ်းမှာ လုပ်ကြံသူနဲ့ တွေ့ခဲ့ရပါတယ်။ နောက်မှ စကားပြောရအောင်ပါ။ လူကယ်ဖို့ အရေးကြီးပါတယ်။ အချိန်မရှိတော့ပါဘူး။"

သူမက စကားဆုံးသည်နှင့် အိပ်ရာပေါ်မှ စစ်သူကြီးCheng မှာ ရုတ်တရက် ခေါင်းမော့ကာ Gu Feiyan အား ကြည့်လာသည်။ စစ်သူကြီး Cheng မှာ တစ်စုံတစ်ရာ ပြောချင်နေဟန်ရှိသော်လည်း အသံမပြုနိုင်ခင် သွေးမည်းများ အန်လာပြန်သည်။ သူ၏ မျက်လုံးများမှာ ပြူးကျယ်နေကာ ခန္ဓာကိုယ်တစ်ခုလုံးမှာ တောင့်တင်းနေပြီး မလှုပ်ရှားနိုင်ချေ။

"Yifei...မင်းအမေကို မခြောက်နဲ့တော့.. Yifei..."

"စစ်သူကြီး မြန်မြန်.. တပ်သမားတော် ကို လာကြည့်ခိုင်းလိုက်.."

တခဏကြာ လူတိုင်းမှာ အထိတ်တလန့်ဖြစ်သွားကြသည်။ Gu Feiyan မှာလည်း ထိတ်လန့်သွားတော့သည်။ ထိုသူမှာ သေ၍ မဖြစ်ပေ။ သူမက ရှေ့တိုးသွားရန် ပြင်လိုက်စဥ် တပ်သမားတော်မှ ရောက်လာပြီး အပ်စိုက်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် အပ်အနည်းငယ် ပြီးသွားပြီးနောက် စစ်သူကြီးငယ်မှာ အားပြည့်လာကာ ချောင်းဆိုးလာပြန်သည်။

Gu Feiyan မှာ လျှို့ဝှက်စွာဖြင့် စိတ်သက်သာရာရကာ အသက်ရှူထုတ်လိုက်သည်။ သခင်မလင်းမှ ဆုံးဖြတ်ပေးသည်အား မစောင့်တော့ပဲ သူမက ဆေးအိတ်အား စားပွဲပေါ်တွင် တင်ကာ ဖွင့်လိုက်သည်။ "မြန်မြန် ဆေးစစ်ဆေးပါ.. မြန်မြန်.."

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now