အခန်း(၈၂)

78 9 4
                                    

အခန်း(၈၂)

မင်းသမီး Huaining မှ ငိုယိုဝန်ခံခြင်း။






Jun Jiuchen မှာ ခန်းမထဲရှိ မည်သူ့ကိုမှ ထွက်သွားရန် ခွင့်မပြုပေ။ မည်သူမှ မလှုပ်ဝံ့ပဲ ငြိမ်သက်စွာ စောင့်မျှော်နေကြရလေသည်။

Jun Yaosheng  မှာ သက်တမ်းတစ်ဝက် ကုန်ဆုံးလုနီးပါး နန်းတော် တံခါးဝသို့ အပြေးသွားကာ မင်းသမီး Huaining မှ လိုက်ပါလာသည့် မြင်းလှည်းကို တားဆီးလိုက်သည်။ သူက ပထမမင်းသားပင်။ ကျင်းဝမ်မှ အမိန့်ပေးလိုက်သော အရာရှိတစ်ဦးပင်လျှင် သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း မပြောဝံ့ပေ။

Jun Yaosheng  မှာ ဖြစ်ပျက်နေသည်များကို မသိဟန်ဆောင်ကာ အချိန်အတော်ကြာအောင် မေးခွန်းထုတ်နေပြီးနောက် ပြောလာသည်။ "ဒီမင်းသားက မင်းသမီးနဲ့ လိုက်လာရမယ်။ မင်းသမီးကို ဘယ်သူက စွပ်စွဲဝံ့တာလဲဆိုတာ ငါက ကြည့်ချင်သေးတယ်။"

ထို့နောက် သူက မြင်းလှည်းပေါ်တက်လိုက်သည်။ အရာရှိများမှာ သူ့ကို မတားဝံ့သဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။

အရာရှိများမှာ သူမကို ဖမ်းဆီးလာသောအခါတွင် ယွင်ကွေ့ဖေးအား အမှုအကြောင်း ရှင်းလင်းစွာ ရှင်းပြခဲ့ပြီးဖြစ်သည်။ မင်းသမီး Huaining မှာလည်း သိထားပြီး မြင်းလှည်းပေါ်၌ တစ်လျှောက်လုံး ငိုနေခဲ့သည်။ အစ်ကိုဖြစ်သူမှ မြင်းလှည်းပေါ်တက်လာသည်ကို မြင်လိုက်ရလျှင် ချက်ချင်းပင် သူ၏ရင်ခွင်ထဲကို လှဲချလိုက်ပြီး ယခင်ထက် ပို၍ ငိုကြွေးတော့သည်။

"အစ်ကိုတော်၊ အစ်ကိုတော်က ကယ်ပေးရမယ်..."

သူမ စကားမဆုံးခင် Jun Yaosheng မှာ အသံနိမ့်နိမ့်ဖြင့် ကြားဖြတ်ပြောလိုက်သည်။ "မင်းရဲ့အသံကို နှိမ့်ဦး။ ဒါက ပြသနာကြီးကြီးမားမားမဟုတ်သေးဘူးလို့ မင်းထင်နေတာလား။"

ထိုမှသာ မင်းသမီး Huaining မှာ အသံကို လျှော့ပြီး စိုးရိမ်တကြီး မေးလိုက်သည်။  "အစ်ကိုတော်၊ ကျွန်မတို့ ဘာလုပ်သင့်လဲ။ ခမည်းတော်က ကျွန်မကိုသတ်မှာလား။ ကျွန်မ အစ်ကိုတော်နဲ့ မူဖေးကို ရောပါအောင်လုပ်မိတော့မှာလား။ "

"မင်းက ရောပါအောင် လုပ်ပြီးနေပြီ။"

Jun Yaosheng မှာ ခဏတုံ့ဆိုင်းသွားပြီး ဆေးဝါးပညာရှင်ကျန်းကို သူက သက်သေဖျောက်ဖျက်ရန်  သတ်လိုက်ခဲ့သည့် အချက်ကို ထုတ်ဖော်ပြောပြလိုက်သည်။ သူက ဤကိစ္စကို မူဖေးထံတောင် မပြောချင်ပဲ လျှို့ဝှက်ထားချင်ခဲ့သည်။ ဤသို့သောအချိန်မျိုး၌ သူ့တွင် အခြားရွေးချယ်စရာမရှိတော့ပေ။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now