အခန်း(၄၃)

116 13 2
                                    

အခန်း(၄၃)

အခြေအနေ။




Gu Feiyan မှာ စိတ်လှုပ်ရှားစွာ စောင့်နေလေသည်။
သိပ်မကြာခင်မှာပင် ဆေးဝါးပညာရှင်ကြီးမှာ သူ၏ စုတ်တံအား မြှောက်လိုက်ပြီး ကျားရှန် ဆိုသော စကားလုံးအား ရေးချလိုက်သည်။ ကျားရှန် ဟူသော စကားလုံးမှာ လအား ကိုယ်စားပြုလေသည်။ ကန်းယင်နှစ် ကျားရှန်မှာ သတ္တမမြောက်လပင်။

တိုက်ဆိုင်စွာဖြင့် မူလပိုင်ရှင်မှာလည်း သတ္တမလတွင် မွေးဖွားခဲ့သည်။ နှစ်နှင့်လ ကိုက်ညီနေလေသည်။

Gu Feiyan မှာ ပို၍ပင် စိတ်လှုပ်ရှားလာသည်။ သူမက မသိစိတ်ဖြင့် လက်သီးဆုတ်ထားကာ လက်ဖဝါးပေါ်ရှိ ဒဏ်ရာများမှ နာကျင်မှုအား မေ့လျော့သွားလေသည်။ သူမ၏ အိပ်မက်မှာ လက်တွေ့နှင့် အနည်းငယ် နီးကပ်လာပုံရသည်။ သူမ၏ အလွန်အကျူး မျှော်လင့်ချက်များမှာ အမှန်တကယ် မျှော်လင့်ချက်အဖြစ်သို့ ပြောင်းလဲလာနေသည်။

ဆေးဝါးပညာရှင်ကြီးမှာ နောက်ထပ် မနှောင့်နှေးဝံ့ပေ။ သူက စာရွက်ပေါ်တွင် စာလုံး နှစ်လုံးအား လျင်မြန်စွာ ရေးလိုက်သည်။ "ဝူရှု"

ကန်းယင်နှစ်၏ သတ္တမလတွင် ဝူရှုမှာ သတ္တမနေ့ပင်။ သတ္တမလ၏ သတ္တမနေ့…..

"သတ္တမလရဲ့သတ္တမနေ့…" Gu Feiyan ၏ မျက်လုံးများမှာ တောက်ပလာကာ ရေရွတ်လိုက်သည်။ မူလပိုင်ရှင်မှာ သတ္တမနှစ်ထပ်ပွဲတော်နေ့ သတ္တမလ၏သတ္တမမြောက်နေ့တွင် ဖွားမြင်ခဲ့သည်။

သူမက အမှန်တကယ်ပင် နေ့ရက်၊ လနှင့် နှစ်မှာ တိုက်ဆိုင်နေသည် ။ တစ်နည်းဆိုရလျှင် အကယ်၍ အချိန်မှလည်း တူညီနေလျှင် သူမက ကျင်းဝမ်အိမ်တော်သို့ စေလွှတ်မည့် ကိုယ်စားလှယ်လောင်းတစ်ယောက် ဖြစ်လာလိမ့်မည်။

Gu Feiyan မှာ အလွန် စိတ်လှုပ်ရှားနေကာ သူမ၏ ခန္ဓာကိုယ်မှာလည်း  တင်းမာလာသည်။ သတ္တမလ၏ သတ္တမမြောက်နေ့၌ အခြား မွေးဖွားသောသူရှိမရှိအား သူမက ဂရုမစိုက်နိုင်ပေ။ သူမက ဆေးဝါးပညာရှင်ကြီး၏ စုတ်တံအား စိုက်ကြည့်ရင်း နောက်ဆုံးရလဒ်အား စောင့်ဆိုင်းနေသည်။

တိတ်ဆိတ်မှုတွင် ဆေးဝါးပညာရှင်ကြီးမှာ အက္ခရာရှစ်လုံး၏ နောက်ဆုံးနာရီအား ချရေးလိုက်ပြီး Shangguan Yinghong မှ လူတိုင်းအား ပြသခွင့်ပေးလိုက်သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now