အခန်း(၅၆)

106 13 2
                                    

အခန်း(၅၆)

ဒီဆေးအိတ်မှာ ပြသနာကြီး ရှိနေတယ်။





မင်းသမီး Huaining နှင့် Qi Fufang တို့မှ Gu Feiyan ကိုစောင့်ဆိုင်းရန် သာမက ဆေးပေးခန်းသို့ အချို့ကိစ္စများအတွက်လည်း ရောက်လာခဲ့ကြသည်။
Gu Feiyan မှ နောက်ပြန်ဆုတ်သွားသည် ကိုကြည့်ရင်း Qi Fufang  မှာ စိုးရိမ်နေသည့် အမူအရာဖြင့် တီးတိုးပြောလိုက်သည်။ "မင်းသမီး၊ Gu Feiyan က Cheng Yifei ရဲ့စခန်းက လူတွေရဲ့ အသက်ကို ကယ်ခဲ့တယ်လို့ ကြားတယ်။ သူမ... အဲဒီအရာကို မြင်မသွားလောက် ဘူးမလား။"

မင်းသမီး HuaiNing  မှာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ " အသေးအမွှား ဆေးမိန်းကလေးတစ်ယောက်က ဘယ်လို အရည်အချင်းမျိုး ရှိမှာလဲ။ စိတ်မပူပါနဲ့ ဆေးက သာမန်လူတွေ မမြင်နိုင်တဲ့ အရာမဟုတ်ဘူး။"

မင်းသမီး Huaining ၏ကတိကိုကြားလျှင် Qi Fufang မှာ ပို၍ သက်တောင့်သက်သာရှိသွားတော့သည်။ နောက်ဆုံးတော့ မင်းသမီး Huaining မှာ ထိုပစ္စည်းကို ရှာလာခဲ့ပြီး သူမက ၎င်းကို လုပ်ဆောင်ခဲ့သူပင်။

မင်းသမီး Huaining မှာ ကိုယ့်ကိုကိုယ် ချီမိသားစု၏ချွေးမအဖြစ် ကာလကြာရှည်စွာကပင် တွေးထားခဲ့သည်။ ဤယောင်းမကြီး Qi Fufang ဖြင့် ပတ်သက်၍ သူမ ဟိတ်ဟန်ထုတ်နေခြင်း မရှိပေ။ သူမ Qi Fufang ၏ လက်ကိုဆွဲရင်း ရယ်မောကာ ပြောလာလေသည်။ "အစ်မ Fufang သုံးလနောက်ပိုင်းမှ သူမကို ထိန်းနိုင်တော့မယ်လို့ ထင်ခဲ့တာ။ ဒီတစ်ခါတော့ အစ်မ ငါ့ကို ကူညီပေးတဲ့ ကျေးဇူးပဲ။"

"သုံးလလား... သူမ ဆယ်ရက်လောက်တောင် မစဥ်းစားနဲ့။" Qi Fufang မှာ မကြာခင် လေးနက်လာလေသည်။ "မင်းသမီး၊ ဒီကိစ္စက အရှင့်သားကျင်းဝမ်နဲ့ ပတ်သက်တယ်။ အသေးအမွှားတော့ မဟုတ်ဘူး။ ကျွန်မတို့ ဘယ်တော့မှ တတိယလူတစ်ယောက်ကို သိခွင့်ပေးလို့မရဘူး။"

"ဒါက သဘာဝပဲ။ အစ်မကြီး Fufang စိတ်မပူပါနဲ့။"မင်းသမီး Huaining ၏ ပျော်ရွှင်မှုကို မျက်နှာတစ်ပြင်လုံးတွင် ရေးထားလေသည်။ "စိတ်မပူပါနဲ့။ ကျွန်မ ဘယ်သူ့ကိုမှ မပြောပါဘူးလို့ ကတိပေးပါတယ်။ အဲဒါပြီးရင်တော့ ယုကိုကို ကိုလည်း မပြောပါဘူး။" 

မင်းသမီး Huaining ၏ အာမခံမှုဖြင့် Qi Fufang မှာ စိတ်အေးလက်အေး ဖြစ်သွားတော့သည်။ သူမ တစ်ခဏမျှ တုံ့ဆိုင်းနေပြီး မေးလိုက်သည်။ "မင်းသမီး၊ ဧကရာဇ်မင်းမြတ်က နေမကောင်းဘူးလား။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now