အခန်း(၇၇)

80 10 4
                                    

အခန်း(၇၇)

နားထောင်ပြီး မှတ်ထား။ ငါမင်းကို အလိုရှိတယ်။




Jun Jiuchen မှာ တိတ်ဆိတ်နေလျှင် Gu Feiyan မှာ စကားမပြောတော့ပေ။

နှစ်ယောက်မှာ အတူတကွ ထိုင်နေပြီး Gu Feiyan မှာ Jun Jiuchen ၏ ပေါင်ပေါ်ရှိ သူမ၏ ခြေထောက်များကို ကြည့်နေသည်။ တိတ်ဆိတ်နေချိန် အချိန်များ ရပ်တန့်နေသကဲ့သို့ပင်။ နှစ်ယောက်မှ အိမ်ထောင်ကျပြီးစ ငယ်ရွယ်သည့် စုံတွဲလေးအလားပင်။ ဤတိတ်ဆိတ်မှုတွင် သူတို့က  ထာဝရလှပကာ အဓိပ္ပါယ်ပြည့်ဝသော ပန်းချီကားတစ်ချပ် ဖြစ်လာခဲ့သည်။

Jun Jiuchen မှာ Gu Feiyan ၏ဒဏ်ရာများအားလုံးကို ကူညီပေးနေချိန်တွင် အခန်းတွင်းလေထုမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ Gu Feiyan မှာ သူ၏ သွယ်လျ လှပသော လက်များမှ ဆီမွှေးဖြင့် ပေးကျံနေသည်ကို တွေ့လိုက်ရလျှင် သူမ စိတ်ထဲ၌ အနည်းငယ် တောင်းပန်သလို ခံစားလိုက်ရသည်။ ၎င်းမှာ သူမကိုယ်တိုင်ပင် စိတ်ကူးမကြည့်နိုင်သည့် ကိစ္စပင်။

သူမ စကားစရန် ပြင်လိုက်စဥ် တံခါးအပြင်မှ ခြေသံများ ကြားလိုက်ရလေသည်။ Jun Jiuchen မှာ သူ၏ ပစ္စည်းများကို လျင်မြန်စွာ ရှင်းလင်းပြီး ထွက်သွားရန် ပြင်လိုက်သည်။ Gu Feiyan မှာ အလျင်စလို မေးလိုက်လေသည်။ "ဟေး၊ ရှင်က အဋ္ဌမ မင်းသားလား။"

Jun Jiuchen မှာ ပြတင်းပေါက်သို့ ရောက်နေပြီ ဖြစ်သော်လည်း ပြန်ကြည့်လှည့်ကြည့်လာသည့်တိုင် အဖြေမပေးပေ။ ထိုအစား သူက ပြန်မေးလိုက်သည်။ "မင်းဒီမှာ ညအိပ်နေမှာလား။"

Gu Feiyan မှာ အဖြေမပေးပဲ မေးလိုက်သည်။ "ဘာလဲ..ရှင်က လာဦးမလို့လား။ ရှင်က အဋ္ဌမမင်းသားဖြစ်ရမယ် မဟုတ်လား။ "

Jun Jiuchen မှာ သူမကို လျစ်လျူရှု၍ လှည့်ကာ ပြတင်းပေါက်ကို ကျော်သွားပြီးနောက် လေထုထဲတွင် ပျောက်ကွယ်သွားသည်။ ဤသည်က Gu Feiyan မှ သူ၏ အရှိန်ကိုမြင်ရခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်တော့သည့်အတွက် မအံ့သြတော့ပေ။ သူမ ကိုယ့်ကိုကိုယ် တွေးလိုက်မိသည်။ ဒီကောင်ရဲ့ အရှိန်က မြန်လွန်းတယ်။ သူက ကျင်းဝမ်အိမ်တော်ထဲတောင် ဝင်လာဝံ့နေတာ ။ နောင်မှာ သူမက ပို၍သတိထားနေသင့်တယ်!

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now