အခန်း(၃၈)

107 16 4
                                    

အခန်း(၃၈)

စကားလုံးကိုးလုံး။







အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်မှုက လွှမ်းခြုံနေသည်။

Gu Feiyan မှာ တစ်စုံတစ်ရာအား ရှာတွေ့သွားဟန်တူပြီး မော့ကြည့်လိုက်လျှင် Jun Jiuchen ၏ လေးနက်သော မျက်လုံးများဖြင့် တွေ့ဆုံသွားတော့သည်။

သူမက ထပ်မံ၍ ကြောက်နေပြန်သည်။ သူက သူမ၏ အရည်အချင်းများအား မယုံနိုင်သေး၍ သူ့မအား စစ်ဆေးနေသည်ဟု ယူဆလိုက်တော့သည်။ ထို့ကြောင့် သူမ Jun Jiuchen ၏ မျက်လုံးတည့်တည့်သို့ ကြည့်ကာ အလေးအနက်ပြောလိုက်သည်။ "ရှင် ကျွန်မကို ဒီလိုကြည့်နေစရာမလိုဘူး။ ကျွန်မက ရှင့်ကို ကျေနပ်စေရမယ်လို့ ပြောထားပြီးသားမလို့ ရှင်က ကျေနပ်စေရမယ်ဆိုတာ သေချာပေါက်အာမခံတယ်။"

Jun Jiuchen မှာ ရှင်းလင်းစွာဖြင့် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသော်လည်း ပုံမှန်အတိုင်း လျင်မြန်စွာ ပြန်၍ အေးစက်လာပြန်လေသည်။ "မင်း ဘာတွေ့လို့လဲ။"

Gu Feiyan မှ အလေးအနက် ပြောလိုက်သည်။ "ကျွန်မကို စုတ်တံနဲ့ စာရွက်ပေးပါ။ မြန်မြန်..”

Jun Jiuchen မှာ ကိုယ်တိုင်ကိုယ်ကျ စုတ်တံနှင့် စာရွက်အား ထုတ်လိုက်စဥ် Gu Feiyan မှာ ပထမဆေးညွှန်းအား ဘေးတွင် ချလိုက်သည်။ ထို့နောက် သူမက လက်ကျန်ဆေးညွှန်းမှ ဆေးဖက်ဝင်အပင်တစ်ပင်စီအား ယူကာ Jun Jiuchen အား တစ်ခုပြီးတစ်ခု ချရေးစေလိုက်သည်။

ဆေးဖက်ဝင်အပင် ဆယ်မျိုး၏အမည်များမှာ အောက်ပါအတိုင်းပင်…. ယုန်နားရွက်၊ Lonicera japonica [T/N:::  လိုနီဆီယာ ဂျပွန်နီကာ:: ဂျပန်ပျားရည်စုပ်ပန်း]၊ အဖြူရောင်မျက်နှာ၊ အနီရောင်ဟိုလီ၊ Magnolia berry [T/N ::: မဂနိုလီးယား ဘယ်ရီ (သို့) ရသာငါးမျိုး သစ်သီးလို့လည်း ခေါ်တဲ့တရုတ်ပြည် မြောက်ပိုင်းမျိုးရင်း နွယ်ပင်ပါ]၊  အဝါရောင်ခေါင်းလောင်း၊ နဂါးလက်သည်းရွက်၊ Gynura Segetum[ t/N::: သက်ရှည်ဟင်းနုနွယ်] ယူကလစ်သား နှင့် wild Chinese Asparagus [T/N  ::: တရုတ်ကညွှတ်] တို့ပင်။

Gu Feiyan ၏ မျက်နှာတွင် အလေးအနက် အမူအရာဖြစ်လာလေသည်။  "ဆေးညွှန်းဆယ်ခုမှာ ဒီစ္စည်းများ ဆယ်ခုပါနေတယ်။ လျှို့ဝှက်ချက်ကလည်း ဒီဆယ်ခုမှာ ရှိနေတယ်။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Donde viven las historias. Descúbrelo ahora