အခန်း(၃၃)

121 13 2
                                    

အခန်း(၃၃)

မင်းသမီးက လူလုနေတယ်။






Gu Feiyan  မှာ မျက်လုံးမှိတ်ထားလိုက်သည်နှင့် လူသတ်သမားမှာ သူမ၏ ရှေ့တွင် ရပ်ကြည့်နေသကဲ့သို့ ခံစားနေရသည်။ ဤတစ်ကြိမ်တွင် သူ့အား ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ပထမဆုံးမြင်ခဲ့ရစဥ်ကပင် သူမ တစ်သက်လုံး မမေ့နိုင်သည်ထက် ပိုနေပြီဖြစ်သည်။ သူမက အနည်းငယ်ပင် အိပ်ငိုက်ခြင်း မရှိတော့ချေ။ ၎င်းအား ခဏကြာ စဥ်းစားမိလျှင် ထိုအမျိုးသားမှာ သူမအား အက်ဖီဒရာ ရှာတွေရန် ရည်ရွယ်ချက်ရှိရှိ မြှားခေါ်ခဲ့သည်ဟု မယုံနိုင်ပေ။

"သူ ငါ့ကို နှုတ်ပိတ်ဖို့ ဒီမှာ ရောက်နေတာလား။"
ထိုသို့တွေးမိလျှင်တော့ သူမ ရုတ်တရက် ထထိုင်လိုက်ပြီး ထိုအတွေးများကသာ တဝဲဝဲလည်နေတော့သည်။ သူက ဘာပဲလုပ်လုပ် ဘယ်တော့မှ ကောင်းတာလုပ်မှာမဟုတ်ဘူး။ သူမက တကယ်ပဲ Cheng Yifei ကို မပြောမိခဲ့ဘူး ။ သူမက Cheng Yifei ကို နောက်ကလိုက်လာ ဖို့ပြောပြီး တောတစ်ခုလုံးကို ဝန်းရံဖို့ တပ်ဖွဲ့တွေကို ဦးဆောင်ခိုင်းသင့်တာ……..။

ထိုစဥ်တုန်းက သူမ ဘာတွေဖြစ်ခဲ့တာလဲ။ အခြေအနေအား ရှင်းပြရန်  မဖြစ်နိုင်သဖြင့် ယခုတွင် ထုတ်ပြောရန် နည်းလမ်းမရှိတော့ပေ။

ထိုအကြောင်းကိုတွေးနေပြီးနောက် Gu Feiyan မှာ အိပ်မပျော်တော့ပေ။ မောပန်းနွမ်းနယ်နေသော်လည်း အိပ်မပျော်နိုင်သဖြင့် ခေါင်းကိုက်လာတော့သည်။ မူလတွင် သူမက ပင်ပန်းလွန်းနေသည်ဟုသာ စဥ်းစားထားခဲ့ကာ အလေးအနက်မထားခဲ့သော်လည်း ဖြည်းညင်းစွာဖြင့် သူမက တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သိလိုက်ရလေသည်။ သူမက နဖူးအား လက်ဖြင့် ထိလိုက်တာသည်နှင့် အဖျားရှိနေမှန်း သတိပြုမိသွားတော့သည်။ မူလပိုင်ရှင်၏ ခန္ဓာကိုယ်မှာ အလွန်အားနည်းအား ယမန့်နေ့ညမှ တောင်ပေါ်တွင် အအေးမိခဲ့သောကြောင့် ဖြစ်နိုင်သည်။

ထိုသို့ ကိစ္စအသေးအမွှားအတွက် Gu Feiyan မှာ အစေခံမိန်းကလေးအား မခေါ်တော့ပေ။ သူမက ဆေးအိုးလေးအား ရိုက်လိုက်လျှင်လည်း ၎င်းမှာ တုံ့ပြန်မှု မရှိသည်အား မြင်ရလျှင် မျက်နှာသစ်ပြီးနောက် ဆေးသောက်ရန်အတွက် ထကာ ပြင်ဆင်လိုက်သည်။ သူမက တဲထဲမှ ထွက်လာကာနီးတွင် အစေခံမိန်းကလေးမှာ သတင်းဆိုးတစ်ခုဖြင့် ရောက်လာလေသည်။ တော်ဝင်ဆေးပေးခန်းမှာ စစ်စခန်း၌ စောင့်နေရန် လူနှစ်ယောက် စေလွှတ်လိုက်သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Où les histoires vivent. Découvrez maintenant