အခန်း(၇၉)

104 14 7
                                    

အခန်း(၇၉)

ခန့်မှန်းချက်။ သူမ ရာထူးတိုးလိမ့်မလား။





တရားရုံးအတွင်းနှင့် အပြင်ဘက်ရှိ လူတိုင်း ဒူးထောက်အရိုအသေပေးလာကြသည်။

Gu Feiyan မှာ Jun Jiuchen ၏နောက်သို့ လိုက်လာကာ မြေပြင်ပေါ်တွင် ခေါင်းငုံ့ အရိုအသေပေးနေသော လူအုပ်ကြီးကို ဖြတ်သွားရင်း သူမ၏ နှလုံးသားထဲတွင် ဂုဏ်ယူမှု တစ်ခု တိုးထွက်လာသည်။ ကျင်းဝမ် ၏နောက်လိုက်ခြင်းမှာ ကွဲပြားသည်။ တစ်ဖန်၊ သူမအား နံစော်နေသော ရေခဲတုံးမှ ခေါ်မသွားသည့်အတွက် ဝမ်းသာမိပြန်သည်။

ယနေ့၊ Jun Jiuchen မှာ စစ်မေးခြင်းကို ဦးစီးခြင်း မရှိပဲ ဘေးနားတွင် ထိုင်ကာ စောင့်ကြည့်နားထောင်မည်ပင်။ သူက Cheng Yifei ၏ ဆေးဓားပြမှုကို တာဝန်ယူထားသည့် တရားရုံး၏ လူငယ်အရာရှိ အရှင်ကုန်းထံသို့ တရားသူကြီးထိုင်ခုံကို လွှဲပြောင်းပေးလိုက်သည်။

ပြီးသည်နှင့် Jun Jiuchen မှာ သူ၏ ထိုင်ခုံတွင် နေရာယူလိုက်ပြီး Gu Feiyan မှာ သူ၏ နောက်သို့ သွားကာ နာခံစွာ ရပ်နေလိုက်သည်။

ပင်မတရားသူကြီးရုံး ထိုင်ခုံမှ လေးနက်သော အမူအရာ ကိုယ်နေဟန်ထားဖြင့် မတူပဲ Jun Jiuchen ၏ အမူအရာမှာ ယနေ့တွင် များစွာ ပို၍ ပေါ့ပါးကာ ပြေပြစ်နေသည်။ မည်သို့ပင် ကြည့်ပါစေ သူက ကြည့်ကောင်းနေဆဲပင်။ သူက လူတိုင်းအား ထရန် ပြောလိုက်ပြီး ဆေးဝါးပညာရှင်ကြီးထံ ခေါင်းကိုလှည့်၍ မေးလိုက်သည်၊ “အရှင်နန်းကုန်း၊ ဆေးမိန်းကလေးကုကို မင်းကိုကူညီခိုင်းရင် ဘယ်လိုလဲ။"

"အရှင့်သားက ပညာရှိပါတယ်။"

ဆေးဝါးပညာရှင်ကြီးမှာ ၎င်းကို တုံ့ဆိုင်းနေခြင်း မရှိပဲ အသိအမှတ်ပြုကာ Gu Feiyan အား ချီးမွမ်းရန်လည်း မမေ့ပေ။ "ဆေးမိန်းကလေးကုက ဗဟုသုတ၊ အတွေ့အကြုံကြွယ်ဝပြီး ထက်မြက်ပါတယ်။ တကယ့်လို့ သူမရဲ့ အကူအညီရရင် ဒီနိမ့်ကျတဲ့ အရာရှိအတွက် ကောင်းချီးတစ်ခုပါပဲ။"

Jun Jiuchen  မှာ ရလဒ်အတွက် အလွန်ကျေနပ်အားရသောကြောင့် ခေါင်းညိတ်ပြပြီး အစောင့်ထံ ထိုင်ခုံချပေးရန် အချက်ပြလိုက်သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now