အခန်း(၁၈)

192 19 2
                                    

အခန်း(၁၈)

မတော်တဆ သူမကို ကယ်တင်သွားတယ်။



တစ်စုံတစ်ယောက် ရောက်လာလျှင် အခြေအနေမှာ ပြောင်းလဲသွားတော့သည်။

Gu Feiyan မှာ သဏ္ဌာန်မဲ့အဆိပ်အား ဆက်လက်သုံးစွဲနိုင်ဦးမည်လား မသေချာသော်လည်း သူမက ရပ်တန့်ရန်နှင့် အခြေအနေအား စောင့်ကြည့်ရန် ဆေးအိုးလေးအား ချက်ခြင်းဖိလိုက်သည်။

ပထမတွင် မင်းသမီး Huaining မှာ စူးစမ်းချင်နေသော်လည်း ဝေါယာဥ်မှာ ချဉ်းကပ်လာလျှင် မိန်းမစိုးငယ်လေးအား သတိပြုမိသွားတော့သည်။ ထိုမိန်းမစိုးလေးမှာ  Xia Xiaoman ဆိုသော သူမှလွဲ၍ အခြားသူ မဟုတ်ပေ။ သူက ကျင်းဝမ်အား အလုပ်အကျွေးပြုရသော မိန်းမစိုးပင်။ တစ်နည်းဆိုရလျှင် ဝေါယာဥ်ထဲရှိလူမှာ ကျင်းဝမ် Jun Jiuchen မှလွဲ၍ အခြားသူမဟုတ်ပေ။

မင်းသမီး Huaining မှာ အလွန်အံ့အားသင့်နေကာ ပြောလိုက်သည်။ “ကျင်းဝမ် ကိုကို သူက နန်းတော်ကို ဘယ်တုန်းက ပြန်ရောက်တာလဲ။"

ကျင်းဝမ်….

Gu Feiyan ရဲ့ ထိတ်လန့်မှုမှာလည်း မင်းသမီး Huaining ထက် မနည်းပေ။ မူလပိုင်ရှင်မှာ နန်းတော်တွင် နှစ်အတော်ကြာနေခဲ့သော်လည်း သူမက ကျင်းဝမ် အား တစ်ကြိမ်ပင် မတွေ့ဖူးပဲ သူ၏မျက်နှာအစစ်အားလည်း မမြင်ဖူးပေ။ သူမက ယနေ့တွင် ဤသို့သော အခြေအနေမျိုးအား အမှန်တကယ် ကြုံတွေ့နေသည်။

သူမ၏နားလည်မှုအရ ထိုပုဂ္ဂိုလ်မှာ ထျန်းယန်တိုင်းပြည် မင်းသားများကြားတွင် အလွန်ထူးခြားသောတည်ရှိမှုဖြစ်သည်။ သူက မင်းသားတစ်ပါးပင်ဖြစ်သော်လည်း သူ၏ အဆင့်အတန်းနှင့် အခွင့်အာဏာမှာ အိမ်ရှေ့စံနှင့် တန်းတူပင်။ သူက ဧကရာဇ်၏ နဝမမြောက်သားတော်ဖြစ်ကာ ဧကရီ၏ အကြီးဆုံးသားတော်လည်းဖြစ်သည်။ သူက ဆယ်နှစ်အရွယ် အိမ်ရှေ့စံ၏ အစ်ကိုတော်ဖြစ်လေသည်။

သူက မွေးဖွားလာချိန်တွင် နက်နဲကုန်းမြေမှာ  ကိုယ်ခံပညာရှင်မိသားစုများ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေဆဲဖြစ်ပြီး Jun မိသားစုမှာလည်း ကိုယ်ခံပညာရှင် မိသားစုတစ်စုဖြစ်သည်။ သူတို့က ထျန်းယန်အား မထူထောင်ရသေးပေ။ သူက မွေးဖွားပြီးသည်နှင့် မျိုးနွယ်စုမှ အကြီးအမှူးတစ်ယောက်မှ ကိုယ်ခံပညာအား သီးခြား လေ့ကျင့်ရန် ခေါ်ဆောင်သွားခဲ့သည်။ နက်နဲကုန်းမြေရှိ အခြေအနေမှာမူ သိသိသာသာ ပြောင်းလဲသွားလေသည်။ ကိုယ်ခံပညာများ ကျဆင်းလာကာ အမျိုးမျိုးသော အင်အားစုများမှာ မြင့်တက်လာပြီး ကျွင်းမိသားစုမှာ  ထျန်းယန်အား တည်ထောင်ခဲ့သည်။ သို့တိုင် သူက ပြန်ရောက်မလာခဲ့ပေ။ ထို့အတွက်ကြောင့် သူက သီးသန့် ကျင့်ကြံနေခြင်း မဟုတ်ပဲ မွေးစကပင် ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း ကောလဟာလများ ထွက်ပေါ်လာခဲ့သည်။ ထိုမျှသာမက သူက မွေးဖွားစဥ်တည်းက ရုပ်ဆိုးကာ ဆွံ့အနေသည်ဆိုသော ကောလဟာလများပင် ရှိလာကာ သူ့အား သတိမပြုမိကြတော့ပေ။ နောက်ပိုင်းတွင် လူများမှာ သူ့အား ဖြည်းညင်းစွာ မေ့လျော့လာကြသည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now