အခန်း(၇၈)

87 9 4
                                    

အခန်း(၇၈)

အဖော်ပြုခြင်း။ တန်ဖိုး။







Gu Feiyan မှာ အလွန်ပင်ပန်းနွမ်းနယ်နေသော်လည်း မျက်လုံးမှိတ်လိုက်သည်နှင့် နံစော်နေသော ရေခဲတုံး၏ လေးနက်သော အကြည့်နှင့် Cheng Yifei ၏ မျက်နှာပေါ်ရှိ အထိန်းအကွပ်မဲ့သော အပြုံးကို သတိရမိသည်။ နှလုံးနှင့် အဆုတ်များစွာမရှိသော သူမ အမှန်တကယ်ပင် အိပ်မပျော်နိုင်တော့ပေ။

နောက်နေ့တွင်...

Gu Feiyan မှ နိုးလာသောအခါ Jun Jiuchen မှာ နန်းတော်ထဲ ဝင်သွားပြီပင်။ သူမ ဒဏ်ရာများ သက်သာလာရန်နှင့် သတင်းကို စောင့်မျှော်ရင်း မင်ယွဲ့အဆောင်တွင် နာခံစွာ အနားယူနေလိုက်သည်။

နေ့ခင်းရောက်ချိန်အထိ သူမ နန်းတော်တွင်းမှ မည်သည့်သတင်းမျှ မကြားရချေ။ ယင်းအစား မူလပိုင်ရှင်၏ ဒုတိယဦးလေးနှင့် ဒုတိယအဒေါ်တို့မှာ အလည်ရောက်လာလေသည်။

အသေအချာပင် ထိုနှစ်ယောက်မှာ ကျင်းဝမ်အိမ်တော်တွင်းသို့ ခြေလှမ်းတစ်ဝက်ပင် မတက်နိုင်ပေ။ သူတို့က နောက်ဖေးတံခါးတွင်သာ စောင့်ဆိုင်းနေရန် တတ်နိုင်သည်။ အစောင့်မှာ Xia Xiaoman အား အစီရင်ခံရန် ရောက်လာလျှင် သူက အလွန်အမင်း ရွံ့ ရှာလှသော်လည်း Gu Feiyan အား ပြောပြပေးလိုက်ဆဲဖြစ်သည်။

Gu Feiyan မှာ ၎င်းကို စဥ်းပင်မစဥ်းစားပဲ Xia Xiaoman ကို ငြင်းပယ်ရန် ပြောလိုက်လေသည်။ ရေစီးကြောင်းအတိုင်း လိုက်တတ်သော [T/N .. သာတဲ့ဘက် ကပ်တာကို ပြောချင်တာပါ] ကုမိသားစုမှ ထိုစုံတွဲမှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိခဲ့ကာ သူမကို ကျေနပ်စေရန်အတွက် ချီမိသားစုကို စွန့်ပစ်ခဲ့သည်မှာ သံသယဖြစ်စရာမလိုပေ။ သူမတွင် ခွဲပေးရန် အချိန်မရှိပေ။ သူမ သူတို့၏စာရင်းများကို ဦးစွာမှတ်သားထားပြီး အချိန်ရလျှင် ၎င်းတို့ကို ဖြေရှင်းရမည်။

Xia Xiaoman မှ ထပ်မံ ပြောလာလျှင် Gu Feiyan မှာ တရားရေးတရားရုံးများတွင် သူမ၏ဆေးဝါးများ စစ်ဆေးရသည့်သတင်းသည် နန်းမြို့တော်တွင် ပျံ့နှံ့သွားသော်လည်း သူမ၏ဂုဏ်သတင်းမှာ ဆိုးရွားနေဆဲဖြစ်ကြောင်း သိလိုက်ရသည်။ လူတော်တော်များများမှာ သူမက ကံကောင်း၍ လျှိုသန်လျှူရှန် နှင့် အကျွမ်းတဝင်ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောနေသည်။ အချို့က သူမတွင် အရည်အချင်းရှိလျှင်ပင် အကျင့်ပျက်နေသော အမျိုးသမီးတစ်ဦးသာဖြစ်သည်ဟု ဆိုကြသည်။ အကယ်၍ သူမကဲ့သို့ အမျိုးသမီးတစ်ယောက်မှာ အရည်အချင်းရှိလျှင်တောင် သူမ၏ ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များမှာ ကောင်းမွန်မည်မဟုတ်ကြောင်း တော်ဝင်ဆေးပေးခန်းမှ ပညာရှင်များပင် ပြောဆိုနေကြသည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now