အခန်း(၉၄)

76 8 6
                                    

အခန်း(၉၄)

တောင်းပန်ပြီး၊ စေ့စပ်ပွဲဖျက်။




မြေခွေးအိုကြီးမှာ စိတ်လှုပ်ရှားနေသော်လည်း Gu Feiyan မှာမူ စိုးရိမ်စိတ်များ လျော့ပါးသထက် လျော့ပါးလာသည်။ နေ့ရက်များမှာ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့ပြီး မသိလိုက်ခင်ပင် နောက်ထပ်ငါးရက် ကုန်ဆုံးသွားခဲ့သည်။

နောက်ဆုံးတွင် ထိုနေ့လည်ပိုင်း၌ Gu Feiyan မှာ ဒုတိယသခင်ကြီးကုထံမှ နောက်ထပ်စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ ယခုတစ်ကြိမ်တွင် ရေးထားသောအကြောင်းအရာသည် သူမကို ပိုမိုသက်တောင့်သက်သာဖြစ်စေခဲ့သည်။ Qi Yu မှာ အစ်မဖြစ်သူကိုယ်စား သူမကို တောင်းပန်ရန် နောက်နေ့မနက် ကုအိမ်၌ တွေ့ဆုံရန် မေးမြန်းနေသည်ဟု စာတွင် ဖော်ပြထားသည်။

တောင်းပန်မလား…

ဤမျှကြီးမားသောကိစ္စရပ်အတွက် သူမက ရာဇ၀တ်မှုများကို ဝန်ခံထားပြီးဖြစ်သော်လည်း မည်သူမှ သူမအစား တောင်းပန်ရန် ဆန္ဒမရှိခဲ့ပေ။

ချီမိသားစုက နောက်ဆုံးတော့ နိုးလာပြီလား။

Xia Xiaoman မှာ စာကို လုယူကာ တစ်ချက်ကြည့်လိုက်ပြီး မပျော်မရွှင် ဖြစ်နေပြန်သည်။ သူ၏ ဆန္ဒမရှိသော အမူအရာကိုမြင်လျှင် Gu Feiyan မှာ ပြုံးပြီး ပြောလိုက်သည်။ "မန်ကုန်းကုန်း၊ မနက်ဖြန်မနက် အတူတူသွားလို့ရမလား။"

အမြဲတစေ ရန်သတ်နေကြသော်လည်း သူတို့က နားလည်မှု ဘယ်အချိန်၌ တိုးလာတယ်မှန်း မသိနိုင်ပေ။ Xia Xiaoman မှာ Gu Feiyan ၏ ဆိုလိုရင်းကို နားလည်သောကြောင့် သကြားလုံးခိုးလာသော ကလေးလေးကဲ့သို့ လိမ္မာပါးနပ်စွာ ပြုံးလိုက်လေသည်။

နောက်တစ်နေ့တွင် Gu Feiyan မှာ ကတိအတိုင်း Xia Xiaoman နှင့် ရောက်ရှိလာသည်။
ကုအိမ် ဖုန်းဟွာခန်းမတွင်၊ Qi Yu ၏သဘောထားသည် ယခင်အကြိမ်များနှင့်မတူပဲ ယခုအချိန်တွင် ပို၍ နှိမ့်ချနေသည်။ သူက ပြန်သွားခဲ့ချိန် ဒေါသထွက်နေသော်လည်း စစ်သူကြီးချီမှာ Gu Feiyan ၏သဘောထားကို သိရှိပြီးနောက် ထပ်တူထပ်မျှ ဒေါသထွက်နေခဲ့သည်။ သူတို့က Gu Feiyan အား ယခုမှစ၍ လျစ်လျူရှုထားရန် ဆန္ဒရှိခဲ့သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now