အခန်း(၅၅)

105 10 0
                                    

အခန်း(၅၅)

ဆေးဝါး။ ဝေဝါးမှု။






Gu Feiyan မှာ ပျော်ရွှင်မှုတွင် နှစ်မြုပ်နေသော်လည်း Xia Xiaoman မှာ မနာလို၊ ဝန်တိုကာ မှုန်ကုတ်နေလေသည်။

သူက သုန်မှုန်နေသည့် မျက်နှာဖြင့် ဆူပူလိုက်သည်။ "Gu Feiyan မင်းဘာလို့ အရှင့်သားကို ကျေးဇူးမတင် သေးတာလဲ။"

ထိုမှသာ Gu Feiyan မှာ သတိပြန်ဝင်လာကာ သူမ၏ နှုတ်ခမ်းများကို ဖြည်းညင်းစွာ ကော့ရင်း ပြုံးလိုက်သည်။ ကျင်းဝမ်မှ ထွက်ခွာသွားသော်လည်း သူမ နှိုင်းမရသည့် ရိုးသားမှုဖြင့် သူက ထွက်ခွာသွားသော ဦးတည်ဘက်သို့ အရိုအသေပေးလိုက်သည်။
ဒါပေါ့ ငါက ဒီကြင်နာမှုကို ကျေးဇူးတင်မှာ သေချာတယ်!

ကျင်းဝမ်မှာ သူမ၏ ကံကောင်းသော ကြယ်ပွင့်ဖြစ်သည်မှာ သေချာသည်။ မမှားနိုင်ပေ။

Xia Xiaoman မှာ အလွန်အမင်း ဆန္ဒမရှိသော်လည်း  ရွှေစ ၁၀,၀၀၀ ကို ငွေလက်မှတ်ဖြင့် ထုတ်ယူကာ Gu Feiyan အား ပေးလိုက်သည်။ သူက ဟိတ်ကြီးဟန်ကြီး ထုတ်ကာ ထူးဆန်းစွာ ဆုံးမလာပြန်သည်။ "ကောင်မလေး၊ ဆေးဝါးနဲ့ ဆေးသတ္တုရိုင်းကိစ္စက အရှင့်သားကျင်းဝမ် ရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်တယ်။ အဲဒါတွေကို မပေါ့ဆပဲ သတိထားပြီးရင်း သတိထားရမယ်။"

Gu Feiyan မှာ သူနှင့် စာရင်းမရှင်းရသေးပေ။ " ကောင်မလေး" ဟူသော စကားလုံးနှစ်လုံးကို ကြားလိုက်လျှင်တော့ ဒေါသများ ထွက်လာတော့သည်။ သူမ သူ့ကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။ "တကယ်လို့ မင်းက စကားပြန်ပြင်ပြောရင် ခွေးတစ်ကောင်ပဲ။"

"မင်း..” Xia Xiaoman ၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားတော့သည်။

Gu Feiyan မှာ သူနှင့် မကစားချင်တော့သည့်အတွက် အလေးအနက် ပြောလိုက်လေသည်။ “မနေ့တုန်းက သုံးထားတဲ့ ဆေးဖက်ဝင်အပင်တွေကို ရေတွက်ဖို့ မန်ကုန်းကုန်းကို နှောင့်ယှက်ရလိမ့်မယ်။ နောက်ဆုံးတစ်ကြိမ် ပြောပြရရင် အခုကစပြီး တော်ဝင်ဆေးပေးခန်းက ပို့ပေးတဲ့ ဆေးဖြစ်စေ မင်းဝယ်လာတဲ့ ဆေးဖြစ်စေ ဆေးညွှန်း တစ်ခုလုံးကို စစ်ဆေးဖို့ လိုအပ်တယ်။ ဒါ့အပြင် အရှင့်သားက သုံးစွဲမယ့် ဆေးဖြစ်သရွေ့ ရွေးချယ် ၊ ကျိုချက်ပြီး ပို့ပေးဖို့ ငါအကုန်တာဝန်ယူမယ်။”

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now