အခန်း(၄၅)

117 11 2
                                    

အခန်း(၄၅)

စိုးရိမ်မှု။





ကျင်းဝမ်အိမ်တော်မှာ နန်းမြို့တော်၏ အရှေ့ဘက်တွင် တည်ရှိပြီး နန်းတော်နှင့် အလှမ်းဝေးသည်။ ကျင်းဝမ်အိမ်တော်မှာ ကျင်းဝမ်တစ်ဦးတည်းသာ နေထိုင် သော်လည်း သေးငယ်သည်မဟုတ်ပေ။  ခံ့ညားထည်ဝါပြီး ကြီးကျယ်ခမ်းနားကာ တော်ဝင်နန်းတော်တွင်သာ ရှိနေသည့် တည်ဆောက်မှုဆိုင်ရာ သတ်မှတ်ချက်များဖြင့် တည်ရှိနေသည်။

အိမ်တော်တစ်ခုလုံးကို အိမ်ရှေ့ဝင်း၊ ပင်မဝင်းနှင့် နောက်ဖေးဟူ၍ အပြင်မှ အတွင်းအထိ သုံးပိုင်းခွဲထားသည်။ အိမ်ရှေ့ဝင်းသည် ဧည့်သည်များနှင့် အရာရှိများဖြင့် တွေ့ဆုံရန် နေရာဖြစ်သည်။ ပင်မဝင်းသည် အိပ်ခန်းများ တည်ရှိရာ နေရာဖြစ်သည်။ ဘယ်ဘက်နှင့် ညာဘက်တွင် ဘေးဘက်ခန်းမတစ်ခုစီ ရှိနေသည်။ ဘေးခန်းမများ၏ နောက်တွင်တော့ သီးခြား ခြံဝန်းငယ်လေးများရှိသည်။ နောက်ဖေးတွင် ပန်းခြံကြီးတစ်ခုရှိလေသည်။

Gu Feiyan မှာ မန်ကုန်းကုန်း၏ နောက်မှ ခြံရှေ့ ဘေးတံခါးကို ဖြတ်ကာ စင်္ကြံတစ်လျှောက် လိုက်လာခဲ့သည်။ မန်ကုန်းကုန်းမှာ လမ်းလျှောက်လာရင်း ရှင်းပြနေသည်။ "ငါတို့ရှေ့မှာ အရှင့်သား အနားယူတဲ့ အိမ်တော်ရဲ့ ပင်မ ခြံဝန်းကြီး ရှိတယ်။ အဲ့ဒီကို ဘာမှ လုပ်စရာ မရှိရင် ဝင်ခွင့် မပေးဘူး။ ပြီးတော့ မင်း အနောက်ဘက် ဥယျာဉ်ကိုလည်း လုံးဝ သွားလို့မရဘူး။ မင်းက ဒါကို မှတ်ထားရမယ်။"

"နားလည်ပါပြီ။"

Gu Feiyan မှာ ကျင်းဝမ်မှ သူတို့ကို ပင်မဝင်းထဲတွင် စောင့်နေမည်ဟု စဥ်းစားထားသည်။ သူမ အိမ်တော်ထဲ နက်နက်ရှိုင်းရှိုင်း ဝင်သွားလေ၊ ပို၍ စိတ်လှုပ်ရှားလာလေပင်။ မထင်မှတ်ပဲ မန်ကုန်းကုန်းမှာ သူမကို ပင်မဝင်းထဲကို ခေါ်သွားခြင်း မပြုခဲ့ပေ။ ယင်းအစား သူက သူမအား ညာဘက်ရှိ လမ်းငယ်တစ်ခုသို့ ခေါ်ဆောင်ကာ မင်ယွဲ့ခြံဝန်း ဟုခေါ်သော ဝင်းငယ်တစ်ခုသို့ ရောက်ရှိလာသည်။

"ဆေးမိန်းကလေးကု၊ အခုကစပြီး မင်းဒီမှာနေရမယ်။ မင်းက ကျင်းဝမ်အိမ်တော်ကို ပို့မယ့် ဆေးပစ္စည်းနဲ့ ဆေးညွှန်းတွေအတွက် တာဝန်ယူရလိမ့်မယ်။ မင်းကသတိထားမှ ရမယ်။ တကယ်လို့ တစ်ခုခု မှားသွားရင် ဟားဟား၊ မင်းမပြောနဲ့ ကုမိသားစုရဲ့ မျိုးနွယ်ကိုးဆက်အထိ ဒုက္ခရောက်လိမ့်မယ်။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now