အခန်း(၁၁၁)

92 15 0
                                    

အခန်း(၁၁၁)

Han Yu’er က ကိုယ့်ကိုကိုယ် ထောက်ခံလာတယ်။






Gu Feiyan ၏ အနက်ရောင်ကတ် ပေါ်လာသည်နှင့် မူလက ဆူညံနေသော လေလံပွဲသည် ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ လေလံပွဲသို့လာရောက်သူများမှ တွေ့ဆုံရန်အကြောက်ဆုံးအရာမှာ Gu Feiyan ၏ လက်ထဲရှိ ပစ္စည်းပင်။ လေလံပစ်သူများ အကြိုက်တွေ့ဆုံးအရာမှာမူ Gu Feiyan ၏ လက်ထဲမှ ကိုင်ထားသည့် ပစ္စည်းအတိအကျပင်။

ဤအခိုက်အတန့်တွင် လူတိုင်းထံ တူညီသော အတွေးတစ်ခုရှိကြသည်… စာအုပ်တစ်အုပ်ကို ၎င်း၏မျက်နှာဖုံးဖြင့် အကဲဖြတ်၍မရနိုင်ပေ။

Jun Jiuchen ၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကော့တက်သွားတော့သည်။ အားကိုးရာမဲ့နေသည့် အရိပ်အယောင်များနှင့်အတူ မျက်နှာတွင် အပြုံးဖျော့ဖျော့တစ်ပွင့် ပေါ်လာသည်။ Mang Zhong မှာ အနက်ရောင်ကတ်ကို ကိုင်ဆောင်ထားသည့် Gu Feiyan ၏နောက်ကျောကို စိုက်ကြည့်နေသည်။ သူက ဘာတွေဖြစ်နေမှန်းမသိတော့ပေ။သူက ပိုကြည့်လေ၊ ထိုကလေးမလေးမှ ကျင်းဝမ်၏ ပိုက်ဆံကို သုံးစွဲပုံမှာ ထူးခြားသည်ဟု ပို၍ ခံစားရလေပင်။

Gu Feiyan ၏ လက်ထဲရှိ အနက်ရောင်ကတ်ကို လူတိုင်းနီးပါး စိုက်ကြည့်နေကြသော်လည်း Han  Yu’er  မှာ ခြွင်းချက်ပင်။

ဖြစ်ပျက်နေသည်ကို သူမ နားလည်သွားချိန်တွင် အဘိုးအို၏ အနားကို တိုးဝှေ့သွားနေပြီပင်။ ထိုအခိုက်အတန့်တွင် အဘိုးအို၏ စားပွဲပေါ်ရှိ ဧရာမ ဆောင်းပန်းပွင့်ကြီးကို သူမ ဂရုတစိုက် ကြည့်နေသည်။

သူမက ရှန်နွန်တောင်ကြား ဆေးဝါးပညာသင်ကျောင်း မှ ထွက်ခွာပြီးနောက် ဟန်မိသားစုအိမ်တော်တွင် မိသားစု၏ ဆေးဝါးပညာရှင်ရာထူးကို ရယူခဲ့သည်။ သူမ၏လေ့လာမှုများကို မရပ်တန့်ခဲ့ပဲ ယခုအချိန်ထိ ဆေးဝါးများနှင့် သင်ခန်းစာများကို မကြာခဏ လေ့လာနေဆဲဖြစ်သည်။ သူမ၏ ဆေးဝါး ကျွမ်းကျင်မှုအပေါ်တွင် အလွန်ယုံကြည်မှု ရှိနေသည်။ သူမ ၎င်းကို သုံးကြိမ်တိုင် လေ့လာစမ်းစစ်ခဲ့ပြီး ဤဧရာမဆောင်းခိုပန်းပွင့်တွင်  ပြသနာမရှိကြောင်း သေချာသည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now