အခန်း(၁၁၈)

96 13 2
                                    

အခန်း(၁၁၈)

မတောင်းပန်ဘူး။




"Han Yu'er..."

Gu Feiyan မှာ ရေရွတ်လိုက်ကာ မြင်းပေါ်တက်ရန် လုံးလုံး မေ့သွားတော့သည်။ သူမ ရုတ်တရက် ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရပြီး ပြင်ဆင်မှုမရှိပဲ ဘာလုပ်ရမှန်း မသိတော့ပေ။ သို့သော် သူမ မည်သည့်အတွက် ဆုံးရှုံးသွားသကဲ့သို့ ခံစားရကြောင်းလဲ မသိပြန်ပေ။

Han Yu'er ဖြစ်လိမ့်မည်ဟု သူမ မထင်ထားခဲ့သော်လည်း ယခု သူမ စဉ်းစားမိသည်မှာ ၎င်းမှသာ ကျင်းဝမ်၏ မကျေမနပ်ဖြစ်နေမှုကို ရှင်းပြနိုင်သည့် တစ်ခုတည်းသောအကြောင်းပြချက်ဖြစ်ကြောင်း အဖြေထွက်လာလေသည် ။

သူမက ကျင်းဝမ်အိမ်တော်မှ ဆေးဝါးမိန်းကလေး ဖြစ်လာသည်မှာ တစ်လသာရှိသေးသည်။ သို့သော် Han Yu'er နှင့် ကျင်းဝမ်မှာ ကြာမြင့်စွာ သိခဲ့သင့်သည် မဟုတ်လား။ ကျင်းဝမ်မှ ကျင်းယန် မြို့သို့ မပြန်မီတွင်ပင် သူတို့က တွေ့ဆုံခဲ့ကြခြင်း ဖြစ်နိုင်သည်။

အစောမှ လေလံပွဲရှိ သူတို့၏ ဆက်ဆံရေးမှာ သာမန်ဟု သူမ ဘာကြောင့် သာမာန်ကာလျှံကာ ထင်ခဲ့သည်လဲ။ သူမ ဘာလို့ ထိုသို့ တွေးမိသည်လဲ။ ကျင်းဝမ်မှ နှုတ်ဆိတ်နေရသည့် အကြောင်းရင်းမှာ သူမအား အသိအမှတ်မပြုသောကြောင့် မဟုတ်ပဲ သူက မည်သူမည်ဝါဖြစ်ကြောင်း မဖော်ပြလိုသောကြောင့် ဖြစ်နိုင်သည်။

Gu Feiyan မှာ ထိုအကြောင်းကို တွေးနေစဉ်တွင် သူမ၏ နှလုံးသားထဲတွင် အကူအညီမဲ့ ခံစားချက်ကို ခံစားလာရပြီး  တဖြည်းဖြည်း ဒေါသထွက်လာတော့သည်။

အရှင့်သားရဲ့ မျက်လုံးမကောင်းတာကြောင့် ငါက ဒေါသ ထွက်ရတယ်။ ပြီးတော့ ငါ့ရဲ့ တုံးနေတာကြောင့်ကောပဲ!!

Han Yu’er လို မိန်းမမျိုးကို အရှင့်သားက ဘာလို့မှ မမြင်နိုင်တာလဲ။ သူဘာကြောင့် ကျဆုံးသွားရတာလဲ။ Han Yu’er ထက်  ပိုကောင်းတဲ့ အမျိုးသမီးတွေမှ အများကြီးပဲ။ အစ်မကြီး Tang Jing တောင်မှ သူမထက် အဆတစ်ရာ ပိုကောင်းတယ်။

သူမ ကျင်းဝမ် အိမ်တော်သို့ ဝင်ပြီးနောက်၊ ကျင်းဝမ်၏ ရှေ့မှောက်တွင် အမြဲသတိထားနေခဲ့သည်။ ဒီတစ်ကြိမ် သူမ ဘာကြောင့် သတိလွတ်သွားတာလဲ …

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now