အခန်း(၇၁)

81 9 2
                                    

အခန်း(၇၁)

ကြောက်မက်ဖွယ် ပြီးပြည့်စုံစွာ။







Li Gecun မှာ Chen Sanyuan ထက် နှစ်အတော်ကြာ အသက်ကြီးသော လူလတ်ပိုင်းအရွယ်ဖြစ်သည်။ သူ့ကို ခေါ်ဆောင်လာချိန်တွင်တော့ Chen Sanyuan ကဲ့သို့ပင် မဝံ့မရဲဖြင့် ကြောက်ရွံ့ထိတ်လန့်နေသည်။ သူက တံခါးမှဝင်လာသည်နှင့် တစ်ပြိုင်နက် Qi Fufang ကို ကြောက်လန့်သော အမူအရာဖြင့် အဆက်မပြတ် ခိုးကြည့်နေသည်။

Qi Fufang မှာ သူမ၏ ယခင် မောက်မာမှုကို ဆုံးရှုံးခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူမက Li Gecun ကို လှမ်းကြည့်ပြီး ခေါင်းငုံ့ကာ သူ့ကို ဒုတိယအကြိမ် မကြည့်ဝံ့တော့ပေ။

Jun Jiuchen မှာ အေးစက်စွာ မေးလိုက်လေသည်။ "Li Gecun ၊ မင်းကို ဘယ်သူက လာဘ်ထိုးပြီး ဘာလုပ်စေချင်တာလဲ။ မင်းမှာ ဘာအထောက်အထားတွေ ရှိလဲ အားလုံးကို တစ်ခါတည်းပြော။ တကယ်လို့ လိမ်လည်မှုရှိရင် ရာဇ၀တ်မှုက နောက်ကွယ်က ကြိုးသူနဲ့ အတူတူ အပြစ်ရှိလိမ့်မယ်။"

Li Gecun မှာ အလွန်ထိတ်လန့်နေပုံရပြီး ဒူးပင် ဖြောင့်ဖြောင့်တန်းတန်း မထောက်နိုင်ပေ။ သူက အထစ်ထစ် အငေါ့ငေါ့ဖြင့် ဖြေလာလေသည်။ “အရှင့်သား၊ အကြီးဆုံး သခင်မလေးချီက Gu Feiyan ကို စွပ်စွဲဖို့ ဒီအစေခံကို မေးပါတယ်။ Gu Feiyan ရဲ့ နာမည်ကို တစ်ယောက်ယောက်က သက်သေခံပေးမယ်လို့လည်း ပြောပါတယ်။ စစ်ကြောရေးပြီးတဲ့အထိ စောင့်ပြီး ဒီအစေခံက Gu Feiyan ကို လျှိုသန်လျှူရှန်အကြောင်း လိမ်ညာ စွပ်စွဲရပါမယ်။”

ဤတစ်ကြိမ်တော့ အားလုံးမှာ ထိတ်လန့်သွားကြတော့သည်။ အသံမထွက်ရဲပဲ အချင်းချင်း ထိတ်လန့်တကြား ကြည့်လိုက်ကြလေသည်။

အကယ်၍ Qi Fufang မှသာ လူသတ်သမား အစစ်အမှန်ဆိုလျှင် ဤသည်မှာ ကိစ္စကြီးပင်။

ထိုအချိန်တွင် Li  Gecun မှာ မထင်မှတ်စွာဖြင့် Qi Yu ထံ မဝံ့မရဲ ကြည့်လိုက်လျှင် အားလုံး၏ မျက်လုံးများမှာ ချက်ချင်း နောက်မှ လိုက်လာတော့သည်။ Qi Yu မှာမူ အံ့အားသင့်နေတော့သည်။

Jun Jiuchen ၏ မျက်လုံးများတွင် ရှုပ်ထွေးသော အကြည့်များ ပေါ်လာပြီး မေးခွန်းထုတ်လိုက်သည်။ "သက်သေက ဘယ်မှာလဲ။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now