အခန်း(၉)

233 24 0
                                    

အခန်း(၉)

စေ့စပ်ကြောင်းလမ်းထားခြင်း။





သခင်မလင်းမှ လမ်းလျှောက်လာချိန်တွင် ဝူကုန်းကုန်းမှာ သတိဝင်လာသည်။ သူက လျင်မြန်စွာ ပြုံးလိုက်သည်။ “သခင်မလင်း ပျော်စရာပါပဲ… တော်ဝင်သမားတော်ဆုက ဒီကို အမြန်ရောက်အောင် လာပါလိမ့်မယ်။  စစ်သူကြီး cheng  ကို ကောင်းကောင်း ဂရုစိုက်ထားလိုက်ပါ။ ဒီအစေခံက ဧကရာဇ်ကို စိတ်မပူအောင် စာပို့လိုက်ပါဦးမယ်။

“ကျွန်မက ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်။ ဧကရာဇ်က ဒီလိုမျိုးဂရုစိုက်ပေးတဲ့အတွက် ကုန်းကုန်းက ကျွန်မကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပေးဖို့ မျှော်လင့်ပါတယ်။"

“ဒီအစေခံက သခင်မလင်းရဲ့ စကားကို သေချာပေါက်တစ်ဆင့် ပြန်ပြောပေးပါမယ်။"

ဝူကုန်းကုန်းမှာ ထွက်သွားရန်ပြင်လိုက်ပြီးနောက် တံခါးသို့ ရောက်သွားချိန်တွင် Gu Feiyan  အား လှည့်ကြည့်လိုက်သည်။ Gu Feiyan  မှ ပြန်ကြည့်လိုက်လျှင် သူက လှည့်ထွက်သွားတော့သည်။ Gu Feiyan  မှာ ဝူကုန်းကုန်းဖြင့် ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားနေရသည်။

တော်ဝင်သမားတော်ဆုမှ ဆေးညွှန်းရေးပေးပြီးနောက် တော်ဝင်ဆေးပေးခန်းသို့ ပို့ဆောင်ခဲ့သည်။ ဆေးပေးခန်းမှာ ဆေးဝါးရွေးချယ်ကာ ပို့ဆောင်ပေးရသည်။ ကိစ္စတစ်ခုလုံးတွင် ဆေးညွှန်းဖြစ်စေ ဆေးဝါးဖြစ်စေ နန်းတော်ထဲရှိ ကုန်းကုန်းများမှ လုပ်ဆောင်ရသည်။ ဆေးညွှန်းအား လဲလှယ်ရန်မှာ ခက်ခဲသော ကိစ္စ မဟုတ်ပေ။

Cheng မိသားစု၏ အောင်မြင်မှုနှင့် တပ်အင်အားမှာ ဧကရာဇ်အား သတိထားနေစေသော်လည်း လျင်မြန်စွာ လှုပ်ရှားလာရန် မဖြစ်နိုင်ပေ။ ထျန်းယန်တိုင်းပြည်အား တည်ထောင်ခဲ့ခြင်းမှာ ကိုးနှစ်သာ ရှိသေးပြီး အုတ်မြစ်မှာ မတည်ငြိမ်သေးပေ။ ထို့အပြင် ဧကရာဇ်အပြင် နန်းတော်မှာ အမိန့်ပေးနိုင်သော အာဏာရှိသည့် ဝူကုန်းကုန်းကဲ့သို့ လူမျိုးမှာလည်း ရှိနေနိုင်သည်။

Gu Feiyan မှာ စဥ်းစားနေစဥ် သခင်မလင်းမှာ လမ်းလျှောက်လာသည်။ သူမက Gu Feiyan  အား ကောင်မလေးဟုပင် မခေါ်တော့ပဲ မိန်းကလေးဟု ပြောင်းလဲလာသည်။ “မိန်းကလေး.. မင်းနာမည် ဘယ်လိုခေါ်လဲ။ မင်းက ဘယ်ဆေးဝါးပညာရှင် လက်အောက်ကလဲ။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now