အခန်း(၉၉)

76 10 2
                                    

အခန်း(၉၉)

ထက်မြက်သော အကြံ။






ရှန်နွန် တောင်ကြား?

Jun Jiuchen မှာ အံ့သြသွားတော့သည်။ ယခင်က ရှန်နွန်တောင်ကြားကို  သံသယရှိခဲ့ဖူးသော်လည်း၊ လျှိုသန်လျှူရှန်များကို ရှန်နွန်တောင်ကြားမှ ရောင်းချခဲ့ကြောင်းသာ သံသယရှိခဲ့ပြီး ကိုယ်တိုင်လည်း ပတ်သက်နေမည်ဟု သံသယမဖြစ်ခဲ့ပေ။

သံသယရှိစရာမလိုပဲ Gu Feiyan မှ ပေးသောသဲလွန်စသည် အမှန်တရားနှင့်အနီးစပ်ဆုံးဖြစ်သည်။ ဆေးဖက်ဝင်ပစ္စည်းများမှ ဘယ်ကလာလဲဆိုခြင်းမှာ အရေးမကြီးတော့သော်လည်း မြေခွေးအိုကြီးမှာ ဘယ်သူဖြစ်သည်လဲမှာ အရေးကြီးဆုံးပင်။

မြေခွေးအိုကြီးမှာ ရှန်နွန်တောင်ကြားမှ ဖြစ်နိုင်ချေများနေသည်။

Gu Feiyan မှာ ကျင်းဝမ်မှ သူမ၏ ခန့်မှန်းချက်ကို သဘောတူသည်ကို မြင်လျှင် လျင်မြန်စွာ ပြောလိုက်လေသည်။ “ကျွန်မ အကြံတစ်ခု ရှိတယ်။ အရှင့်သားက အဲဒါကို စဉ်းစားပေးစေချင်ပါတယ်။"

"ပြော.. "

“အရှင့်သား၊ လျှိုသန်လျှူရှန်သုံးပင်လုံးနဲ့ ဆေးမှုန့်ထဲမှာ ပါတဲ့ တစ်ခုက သက်တမ်း အတူတူပဲ။ ဒီအစေခံက အဲ့ဒီဆေးပင်တွေကို ရှန်နွန်တောင်ကြားမှာ ပမာဏအများအပြား စိုက်ထားမယ်လို့ သံသယရှိတယ်။ ဒီလျှိုသန်လျှူရှန်သုံးမျိုးနဲ့ တူညီတဲ့ အမျိုးအစားတွေကို ရှန်နွန်တောင်ကြားမှာ ဆုကြေးတင်ပြီး ဝယ်ကြည့်မယ်။ ရှန်နွန်တောင်ကြားက ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ရအောင်။"

Gu Feiyan မှာ စကားဆုံးသည့်နှင့် စိတ်ထဲတွင် အနည်းငယ် အပြစ်ရှိစိတ် ပေါ်လာပြီး Jun Jiuchen ၏ မျက်လုံးများကို မကြည့်ဝံ့တော့ပေ။  နောက်ဆုံးတော့ သူမ လိမ်ခဲ့သည်။ သူမ၏ တကယ့်ရည်ရွယ်ချက်ကတော့ ဤအခွင့်အရေးကို အသုံးချပြီး ရှန်နွန်တောင်ကြားတွင် ဘာတွေဖြစ်နေလဲ သိနိုင်ရန်ပင်။

အကယ်၍  မြေခွေးအိုကြီးမှာ ဤဆေးကို ရေခဲပင်လယ်ကိုဖြတ်ပြီး ယူလာခဲ့လျှင် သူ၏ ဇစ်မြစ်က ဘာလဲ။

အကယ်၍ မြေခွေးအိုကြီးမှာ ဆေးကို အခြားသူထံမှ ရခဲ့လျှင် ထို “အခြားသူ” က ဘယ်သူလဲ။ ရှန်နွန် တောင်ကြားတွင် နက်နဲကုန်းမြေကြီးတွင်းရှိ အလားတူအပင်တစ်ပင်ကို တွေ့နိုင်သေးသည်လား။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now