အခန်း(၁၁)

241 24 2
                                    

အခန်း(၁၁)

အိုးနက်ကြီး။




Gu Fei Yan မှာ အနီးနားတွင် တစ်ယောက်မျှမရှိသည်ကိုမြင်လျှင် သူမက ဆေးကျိုသည့် တဲပြတင်းပေါက်ဆီသို့ အမြန်ပြေးကာ နံရံအားမှီ၍ ခိုးကြည့်လိုက်သည်။ မကြာခင်မှာပင် ဝူကုန်းကုန်းနှင့် အစေခံတစ်ယောက်၏ အသံအား ကြားလိုက်ရသည်။

"ဒီလောက်အချိန်တိုတိုလေးအတွင်းမှာ ဆေးအကြွင်းအကျန်တွေ ဘာလို့ ပျောက်ကုန်ရတာလဲ။ သေသေချာချာ စဉ်းစားကြည့်စမ်း ဆေးတွေ ဘယ်ရောက်သွားတာလဲ။"

“ကုန်းကုန်း ဆေးတွေကိုတောင် နှစ်ခါမပြုတ်ဘူး။ အစေခံတစ်ယောက်က မြစ်ထဲကို ပစ်ချလိုက်တာဖြစ်ရမယ်။”

"မြစ်?"

"အဲဒါမဟုတ်လား …လတ်တလောမှာ စစ်သူကြီး Cheng က  ဆေးတွေ အများကြီးသုံးခဲ့တယ်။ သူအကုန်သုံးပြီးတာနဲ့ ဆေးတွေကို မြစ်ထဲ ပစ်ချလိုက်တယ်။ အဲဒါက စခန်းနောက်က မြစ်ပဲ။"

"ငါတို့က ပြန်ရနိုင်ဦးမလား။"

"ဒါ... ကုန်းကုန်း ဆေးအကျန်တွေက အသုံးမဝင်​ဘူး မဟုတ်​လား.. မြစ်​ရဲ့ ​ရေစီး​ကြောင်းက မြန်​​တာမလို့ ​​မျောပါသွားတာ ကြာလောက်ပြီ​။ ကုန်းကုန်း​က ဆေးအကျန်​လိုချင်​တာ အသုံးဝင်​မှာမလို့လား။"

"​မင်း ​​တော်​​တော်​​ စပ်စုတာပဲ။ မင်းကိုပြောမယ်… ဒီကိစ္စကို မပေါက်ကြားစေနဲ့။ မဟုတ်ရင် မင်းခေါင်းကို သတိထားနေလိုက်။"

နားထောင်နေရင်း Gu Feiyan မှာ ရွှင်မြူးနေလေသည်။

သခင်မလင်းအား အလွန်ဒေါသထွက်နေပြီး သူမက ဆေးအကြွင်းအကျန်ကဲ့သို့ အရေးကြီးသောအရာအား မေ့နေသည် ။  ဆေးကျန်များအား စွန့်ပစ်ခဲ့သည်မှာ ကောင်းလှသည်။ မဟုတ်လျှင် ဝူကုန်းကုန်းမှာ  အကြီးတန်း ဆေးဝါးပညာရှင်၏ အာရုံအား ဆွဲဆောင်နိုင်ကာ အမှန်တရားအား ဖော်ထုတ်သွားနိုင်လိမ့်မည်။

ဝူကုန်းကုန်းကို အခြားတစ်ယောက်က အမိန့်ပေးခဲ့တာဖြစ်ရမယ်။ ဧကရာဇ်အပြင် နန်းတော်ထဲမှာ ဘယ်သူက စစ်သူကြီးချန်ကို ထိပါးပြီး သူမအပေါ် အပြစ်ပုံချဝံ့မလဲ။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now