အခန်း(၁၂)

215 25 0
                                    

အခန်း(၁၂)

အရမ်းကောင်းတယ်။






Gu Feiyan မှာ သူ၏ မြင့်မားသောအရပ်၊ အဝတ်အစား၊ မျက်လုံး၊ ဆံပင်နှင့် သူ၏ ဓားပုံစံအားပင် ဖော်ညွှန်းပြောဆိုနေသည်အား ကြားရလျှင် Jun Jiuchen ၏ အေးစက်ပြီး အထီးကျန်နေသော မျက်နှာမှာ ပို၍ပင် အေးစက်လာသည်။ သူက ငွေရောင်မျက်နှာဖုံးအား ဝတ်ဆင်ထားဆဲဖြစ်သော်လည်း လျှို့ဝှက်ဆန်းကြယ်သော ကိုယ်ကျပ်အဝတ်အစားအဖြစ်သို့ ပြောင်းလဲထားသည်။ သူ၏ ရှည်လျားဖြောင့်တန်းသော ခန္ဓာကိုယ်မှာ ထူထပ်သော သစ်ပင်အကိုင်းများတွင် ဖုံးကွယ်နေသော်လည်း သူ၏ ဂုဏ်ကျက်သရေနှင့် မြင့်မြတ်မှုအား မဖုံးကွယ်နိုင်ပေ။

သူမ၏စကားများအား နားထောင်ရင်း သူက သူမအား ကြည့်လိုက်သည်။ သူ၏ အေးစက်သော အကြည့်များမှာ သားကောင်အား စစ်ဆေးနေသကဲ့သို့ ဖြည်းညင်းစွာ လေ့လာကာ သေးငယ်သော သူမမျက်နှာလေး ငုံ့ကြည့်နေသည်။ ယမန့်နေညက သူမအား အလေးအနက်ကြည့်ရှုရန် စိတ်မ၀င်စားခဲ့ပေ။ သို့တိုင် ယနေ့တွင် သူက သူမအား ထပ်တွေ့မိပြန်သည်။နောက်ဆုံးတွင် သူ့အား အဆိပ်ခတ်ခဲ့သည့် အမျိုးသမီး၏ ပုံစံအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သူမက နူးညံ့ကာ ပန်းနုရောင် အသားအရည်ဖြင့် အမျိုးသမီးဟု ယူဆနိုင်သော်လည်း မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ ပိန်လွန်းလှသည်။ သူမက သူ့ထံမှ လွတ်မြောက်နိုင်ရုံသာမက ချန်ရိဖေး၏အသက်အား လောင်းကြေးစားအဖြစ် အသုံးချကာ ဆေးဝါးများ ကိုယ်တိုင်စစ်ဆေး၍ သခင်မလင်းအား ခြိမ်းခြောက်ရန် သတ္တိရှိနေသည်။ ၎င်းမှာ အမှန် အံ့သြစရာပင်။ အံ့သြစရာအကောင်းဆုံးမှာ Cheng Yifei မှ သူမကျိုထားသောဆေးအား သောက်ပြီးနောက် အမှန်တကယ် မသေဆုံးသွားခြင်း မရှိပဲ ပြန်လည်သက်သာလာသည်။

သိပ်မကြာခင်မှာပင် အသက်နှစ်ဆယ်ကျော် အစောင့်တစ်ယောက် ရောက်လာသည်။ ထိုလူမှာ ထိုညတွင် Jun Jiuchen အား ကယ်တင်ခဲ့သော Mang Zhong မှလွဲ၍ အခြားသူမဟုတ်ပေ။ Mang Zhong မှာ Jun Jiuchen အနားသို့ တိတ်တဆိတ် ဆင်းသက်လာကာ Gu Feiyan နှင့် အခြားသူများအား ရှောင်တိမ်းလိုက်သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now