အခန်း(၄၂)

116 13 2
                                    

အခန်း(၄၂)

ပုပ်သိုးနေတဲ့ ရေခဲတုံးက မယှဥ်နိုင်ဘူး။




နက်နဲကုန်းမြေကြီးရှိ ထင်ရှားကျော်ကြားသော ဘုရားကျောင်း သုံးခုအနက်မှ တစ်ခုမှာ ဆေးဝါးပညာရှင် ဗုဒ္ဓ လျှို့လီကွမ်းအား ရည်စူးထားသည့် တချီဘုရားကျောင်းဖြစ်သည်။ ထိုနေရာတွင် ဆုတောင်းခြင်းမှာ အလွန်သက်ရောက်မှု ရှိသည်ဟု ယုံကြည်ကြသည်။
မန်ကုန်းကုန်းမှာ ထုတ်မပြောသော်လည်း မင်းသမီး Huaining မှာ သတိလွတ်မတတ် ထိတ်လန့်သွားဆဲဖြစ်သည်။

သူမက Gu Feiyan အား ခေါ်ဆောင်သွားနိုင်ရန်သာ စဥ်းစားနေခဲ့သည်။ အကယ်၍ Xia Xiaoman မှ အစ်ကိုတော်ကျင်းဝမ်၏ အက္ခရာ ရှစ်လုံးဖြင့် လိုက်ဖက်သည့် ဆေးမိန်းကလေးအား ရှာမတွေ့လျှင် မည်သို့ ဖြစ်သွားမည်လဲ။ နောက်သုံးလတွင် အစ်ကိုတော် ကျင်းဝမ်မှာ မည်သို့ ဖြစ်လာမည်လဲ။ သူမက အပြစ် အားလုံး ပုံချခံရတော့မည် မဟုတ်လော။ သူမပင်​ မဆိုထားနှင့်​ အခြားမင်းသား​များပင်​ ဤအ​ခြေအ​နေ​အား ထိန်းနိုင်​မည်ဟုတ်ပေ။ အစ်ကိုတော် ကျင်းဝမ်မှာ အိမ်ရှေ့စံငယ်ထက် ထျန်းယန် အတွက် ပို၍ အရေးကြီးလေသည်။

မင်းသမီး Huaining မှ တုံ့ဆိုင်းနေသည်အားမြင်လျှင် မန်ကုန်းကုန်းမှ အလေးအနက် ပြောလိုက်သည်။  "မင်းသမီး၊ ဒီအစေခံက အမိန့်ကို လိုက်နာပြီး အရှင့်သားကျင်းဝမ်က အိမ်တော်ထဲမှာ စောင့်နေတုန်းပါ။ မင်းသမီး သိတဲ့အတိုင်း..."

"အစ်ကိုတော် ကျင်းဝမ်က အရေးကြီးတဲ့ လူတစ်ယောက်ပဲ။ ငါက အစေခံတစ်ယောက် လိုအပ်နေရုံပဲ။ အစ်ကိုတော် ကျင်းဝမ်က ရွေးချယ်မှု ပြီးတဲ့အထိ စောင့်ရင်လည်း သိပ်နောက်ကျမှာ မဟုတ်ဘူး။"

မင်းသမီး Huaining မှာ မကျေမနပ်ဖြစ်နေသော်လည်း အရှုံးပေးရန်သာ တတ်နိုင်လိုက်သည်။ သူမက Gu Feiyan အား မထီမဲ့မြင် ကြည့်လိုက်ပြီး ဘေးသို့ တည်ငြိမ်စွာ လျှောက်သွားကာ ကျောက်ကုလားထိုင်ပေါ်တွင် ထိုင်စောင့်နေသည်။ Gu Feiyan ကဲ့သို့သော မိန်းမတစ်ယောက်မှာ သူမ၏ အစ်ကိုမှ ကျင်းဝမ်နှင့် ထိုက်တန်လိမ့်မည်ဟု သူမက မယုံကြည်ပေ။

Gu Feiyan မှာ မင်းသမီး Huaining ၏ အထင်အမြင်သေးမှုအား အာရုံစိုက်ရန် အချိန်မရှိပေ။သူမကလည်း ဆေးမိန်းကလေးအဆင့်သို့ ဝင်ရောက်နေပြီဖြစ်သည်။ ဤအခိုက်အတန့်တွင် သူမ၏အာရုံများမှာ မူလပိုင်ရှင်၏ မွေးသက္ကရာဇ်အားသာ ရှာဖွေနေသည်။ သူမက မည်သည့်မျှော်လင့်ချက်ကိုမျှ ဆုတ်ကိုင်မထားဝံ့သော်လည်း ထိုကဲ့သို့ တိုက်ဆိုင်မှုတစ်ခုအတွက် မက်မောမိဆဲဖြစ်သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now