အခန်း(၃၁)

136 15 8
                                    

အခန်း(၃၁)

သက်သေ။





Cheng Yifei မှာ Gu Feiyan မှ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားမိလျှင် အလေးအနက် မေးလိုက်သည်။ “မင်း ဘာလို့ ပြေးနေတာလဲ။"

“ဒီနေရာမှာ အက်ဖီဒရာ ရှိမယ်လို့ထင်လို့.. တစ်နေရာမှာ သွားရှာကြည့်ရအောင်။"

သူမ Cheng Yifei ၏ စူးစမ်းနေသော မျက်လုံးများမှာ ရှောင်တိမ်းကာ လာရာလမ်းအတိုင်း ပြန်လှည့်လာသည်။ Cheng Yifei  မှာ သူမ၏ စိုးရိမ်နေဟန်အား မြင်လျှင် ဖိအားပေးနေခြင်း မပြုတော့ပေ။ သို့တိုင် သိပ်မကြာခင်တွင် Cheng Yifei  မှာ သူမ၏ နောက်မှ ရုတ်တရက် အော်လိုက်လေသည်။ “တစ်ယောက်ယောက်.. တစ်ယောက်ယောက်.. ဒီလာဦး..”

Gu Feiyan  မှာ အံ့အားသင့်သွားပြီးနောက် Cheng Yifei  မှာ လုပ်ကြံသူအား မြင်လိုက်ရသည်ဟု စဥ်းစားလိုက်သည်။ သူမက အလျင်အမြန် လှည့်လိုက်လျှင် သူက  မတ်စောက်သော ကုန်းစောင်းတစ်ခုအား ညွှန်ပြရင်း အော်နေသည်။ သူမက ကြည့်လိုက်လျှင် ထပ်မံ အံ့အားသင့်သွားရပြန်သည်။

ထိုနေရာတွင် အက်ဖီဒရာမှာ အမှန်တကယ် ရှိလေသည်။

တိုက်ဆိုင်လိုက်တာ…

ကုန်းစောင်းတွင် ငါးပင် ခြောက်ပင်လောက် ရှိနေပြီး အကုန်လုံးမှာ ညှိုးနွမ်းနေခြင်း မရှိပေ။ အနည်းဆုံး နှစ်ပင်မှာ အသုံးပြုနိုင်သေးသည်။ အခြားအပင်များအတွက်မူ သူမက အနည်းငယ် ရွေးချယ်နိုင်လောက်သည်။ Cheng Yifei  မှာ အလွန်ပျော်ရွှင်နေကာ မေးမြန်းလိုက်သည်။ “ဆေးမိန်းကလေး.. ဒီမှာ အက်ဖီဒရာရှိတယ်ဆိုတာ မင်းဘယ်လို သိတာလဲ။ ငါက မင်းကို ဒီအတိုင်း လျှောက်ပြေးနေတယ်ထင်တာ။"

Gu Feiyan  မှာ ထိတ်လန့်သွားတော့သည်။ သူမက ဘယ်လို သိမှာလဲ။ သူမက နည်းနည်းလေးတောင် မသိဘူး…

စစ်သားများမှာ သတင်းကြားလျှင် ​အပြေးလွှား ရောက်လာကြသည်။ သူတို့က အလွန်အမင်း ပျော်ရွှင်နေလေသည်။ “အဲ့တာ အက်ဖီဒရာလား…. ဆေးမိန်းကလေးကု ဒီတစ်ကြိမ်တော့ မမှားဘူးမလား။"
“ကောင်းလိုက်တာ.. မျှော်လင့်ချက် ရှိပြီ။"

“ငါတို့က ဆေးမိန်းကလေးကုကို ယုံကြည်လိုက်တာ ကံကောင်းတာပဲ။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now