အခန်း(၄၉)

91 11 5
                                    

အခန်း(၄၉)

နေ့ခင်းအိပ်မက်။







Gu Feiyan မှာ Mang Zhong မှ ပေးသောဆေးစာအား သေသေချာချာ ကြည့်ကာ ထူးထူးခြားခြား တစ်စုံတစ်ရာမရှိကြောင်း တွေ့လိုက်ရသည်။ ၎င်းမှာ လေနှင့် အအေးဓါတ်ကြောင့် ဖြစ်စေသည့် ဝေဒနာတော်တော်များများကို ကုသပေးနိုင်သည်။ ဆေးပစ္စည်းအားလုံးကို အအေးဓါတ် ဖယ်ထုတ်ရန် အသုံးပြုနိုင်သည်။

သူမ အလေးအနက် မေးလိုက်သည်။ "ရေပူစမ်းရဲ့ ရေအရည်အသွေးနဲ ဆေးဖက်ဝင် ဂုဏ်သတ္တိက ဘယ်လိုရှိလဲ။ ဒီရောဂါကို ဘယ်တော်ဝင်သမားတော်က ဆေးစစ်ချက်ထုတ်ခဲ့တာလဲ။ အရှင့်သားက ဘယ်အချိန်က စပြီး နာမကျန်းဖြစ်လာတာလဲ။ ဘယ်လို ကူးစက်လာတာလဲ။"

Mang Zhong မှာ အလွန်အမင်း မပြောချင်ပေ။ ၎င်းမှာ အရှင့်သား၏ ကိုယ်ရေးကိုယ်တာကိစ္စများ ဖြစ်နေသော်လည်း အခြေအနေမှာ အရေးတကြီး ဖြစ်နေသည်။ သူက တုံ့ဆိုင်းသွားပြီး နောက်ဆုံးမှာတော့ ပြောလိုက်သည်။ "ဒါကို ငါသေချာမသိဘူး၊ အရှင့်သား ကျင်းယန်မြို့ကို မပြန်လာခင်ကတိုင်း ဒီရောဂါရှိခဲ့နေတာ။ အရှင့်သားက ဒီဆေးညွှန်းပဲ ပေးခဲ့တယ်။ ဆေးမိန်းကလေးကု၊ မန်ကုန်းကုန်း နဲ့ ငါ မင်းကို ဒီအကြောင်းပြောပြဖို့ ငါတို့အသက်ကို စွန့်စားထားရတာ။ ဒါကို မပေါက်ကြားအောင် လျှို့ဝှက်ထားရမယ်။ မဟုတ်ရင် မင်းရော ငါတို့ထဲက တစ်ယောက်မှရော အသက်ရှင်နိုင်မှာ မဟုတ်ဘူး။"

မေးမြန်းပြီးနောက် Gu Feiyan မှာ အမှန်တရား မှန်းသိလိုက်သည်။ ကျင်းဝမ်မှာ ကျင်းယန်မြို့ကို တစ်ယောက်တည်း ပြန်လာခဲ့သည်။ Xia Xiaoman နှင့် Mang Zhong တို့မှာ သူ၏ အတိတ်အကြောင်း မသိနိုင်ကြပေ။

Gu Feiyan မှာ ကျင်းဝမ်၏ ထူးဆန်းသောရောဂါသည် ငယ်စဥ် ကျွင်းမိသားစုမှ ထွက်ခွာသွားခြင်းနှင့် ပတ်သက်ကြောင်း အရိပ်အမြွက် နားလည်လိုက်သည်။ သို့သော် ယခုအချိန်တွင် သူမက ၎င်းကို စဉ်းစားရန် အချိန်များစွာမရှိပေ။

ဆေးညွှန်းတွင် ရေပူစမ်း၏ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိများဖြင့် ပတ်သက်သော မှတ်တမ်းများ မရှိခဲ့ပေ။ သူမက ဆေးညွှန်းအပြည့်အစုံကို နားလည်နိုင်ရန် ရေပူစမ်း၏ရေအရည်အသွေးကို စစ်ဆေးရမည်။ ပြသနာ၏အရင်းမြစ်ကို သိရှိနိုင်ရန်လည်း ကျင်းဝမ်ထံ သူ၏ အခြေအနေကိုလည်း မေးမြန်းရမည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now