အခန်း(၄၇)

100 10 4
                                    

အခန်း(၄၇)

ရှင်တို့အကုန်လုံးက လူလိမ်တွေပဲ။





Gu Feiyan မှာ ဆေးဖက်ဝင်ပစ္စည်းများ၏ ပမာဏနှင့် အမျိုးအစားကို စစ်ဆေးရန် လိုအပ်ရုံသာမကတစ်ခုစီ၏ အရည်အသွေးနှင့် စစ်မှန်မှုကို အသေးစိတ်ခွဲခြားစစ်ဆေးရန်လည်း လိုအပ်သည်။ ဤအလုပ်များအားလုံးမှာ သူမ၏ လက်ပေါ်တွင်သာ မူတည်သည်။ အလုပ်မစခင် လိမ်းဆေးခြောက်သွားပြီး ဒဏ်ရာမှ မနာတော့ချိန်အထိ သူမ စောင့်လိုက်သည်။

ဆေးလိမ်းပြီးနောက် သူမ ပြတင်းပေါက်ဘက်သို့ လျှောက်သွားလိုက်သည်။ ၎င်းကိုမြင်လျှင် Jun Jiuchen မှာ တိတ်တဆိတ် ရှောင်ထွက်သွားတော့သည်။ သူက ထွက်သွားချင်နေမှန်း ရှင်းလင်း နေသော်လည်း နံရံနှင့် ပြတင်းပေါက်နားတွင် ကျောပေးကာ ရုတ်တရက် ရပ်လိုက်ပြန်သည်။

Gu Feiyan မှာ တစ်ဝက်ပိတ်ထားသော ပြတင်းပေါက်ကိုဖွင့်ပြီး ပြတင်းပေါက်ဘောင်ပေါ်တွင် မှီလိုက်သည်။ သူမ ခေါင်းကို မော့ကာ ညကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် သူမ၏ ဘေး ပြတင်းပေါက်အပြင်တွင် Jun Jiuchen မှ ရပ်နေရန် မည်သည့်အချိန်ကမှ မမျှော်လင့်ထားပေ။

ယနေ့ညမှာ လပြက္ခဒိန်၏ ပထမနေ့ဖြစ်သည်။ လဆန်းဖြစ်ကာ အလင်းရောင်မရှိသော်လည်း ကြယ်များသည် တောက်ပနေသည်။

Gu Feiyan မှာ ကောင်းကင်ရှိ ကြယ်များကို ကြည့်နေသည်။ သူမ၏ နှုတ်ခမ်းထောင့်များမှာ မသိစိတ်က မှုန်ရီစွာ ကွေးညွတ်သွားသည် ။ အထူးသဖြင့် သူမ ကြယ်များထံ ကြည့်ရသည်ကို နှစ်သက်သည်။ ၎င်းမှာ သူမ ငယ်စဥ်တည်းက မွေးမြူမိခဲ့သော အလေ့အထတစ်ခုလား မသိပေ။ အနည်းဆုံးတော့ သူမ မှတ်မိနိုင်သလောက် အမြဲတစေ သဘောကျခဲ့သည်။

လေးလံသောဝိဥာဉ်များမှာ ကောင်းကင်ဘုံသို့ မရောက်နိုင်ကြောင်း ဆရာ Bai Yi မှ မကြာခဏပြောဖူးသည်။ လူများသည် ရိုးရှင်းသောဘဝဖြင့် နေထိုင်ပါက သူတို့၏ဝိဥာဥ်မှာ သေပြီးနောက် ကြယ်တစ်ပွင့်ဖြစ်လာမည်ဖြစ်ပြီး  ညကောင်းကင်ယံ၌ တောက်ပစွာ ထွန်းလင်းကာ သူတို့ဂရုစိုက်သောသူများအတွက် အိမ်အပြန်လမ်းကို အလင်းရောင်ပေးလိမ့်မည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now