အခန်း(၉၀)

81 9 0
                                    

အခန်း(၉၀)

သူတို့က အလျင်မလိုတော့ဘူး။





Gu Feiyan မှာ အပြင်မထွက်လျှင် ပိုကောင်းနိုင်သော်လည်း အပြင်ထွက်သွားလျှင် ပို၍ စိတ်ဓာတ်ကျသွားတော့သည်။ သူမ စားသောက်ဆိုင်တစ်ခုသို့ သွားလိုက်စဥ် သူမ၏ ဘေးရှိ စားပွဲဝိုင်းတွင် လူတစ်စုမှာ အမှန်တကယ်ပင် သူမ အကြောင်းပြောနေသည်ကို ကြားလိုက်ရသည်။ သူမက လက်ဖက်ရည်သောက်ရန်  လက်ဖက်ရည်အိမ်သို့ သွားခဲ့သော်လည်း ပုံပြင်ပြောသူသည်  နန်းတော်တွင်းရှိ နန်းတွင်းသူတစ်ယောက်အကြောင်း ပုံတိုပတ်စများနှင့် သူမက စစ်သူကြီးများနှင့်  မင်းသားများကြားတွင် ဆက်ဆံရေးကောင်းထားရှိနိုင်ပုံကို ပြောဆိုနေသည်အား မထင်မှတ်ပဲ ကြားလိုက်ရသည်။ ၎င်းမှာ သူမ၏အကြောင်း ဖြစ်သည်မှာ အထင်အရှားပင်။

Gu Feiyan မှာ မူလတွင် နက်နဲကုန်းမြေကြီးရှိ ဆေးဖက်ဝင်ပစ္စည်းစျေးကွက်များနှင့်  လေလံပွဲများအကြောင်း လေ့လာ၍၊ လျှိုသန်လျှူရှန် သုံးခု၏ ဇစ်မြစ်နှင့် မြေခွေးအိုကြီး၏ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုများကို ဆွေးနွေးရန်  နန်းတော်သို့ သွားကာ ဆေးဝါးပညာရှင်ကြီးကို ရှာဖွေရန် စီစဉ်ထားခဲ့သည်။

သို့သော် ကောလဟာလများစွာကို ကြားပြီးနောက် သူမ တုံ့ဆိုင်းသွားတော့သည်။

မနေ့က တရားရုံးမှ အဖြစ်အပျက်များကို လူအများအပြားမှ မြင်ပြီး အထင်အမြင်လွဲမှားမှုအချို့ ဖြစ်စေခဲ့သော်လည်း ၎င်းမှာ ထိုမျှ ချဲ့ကားနေစရာ မရှိကြောင်း သူမ အမြဲတစေ ခံစားနေရသည်။ မင်းသမီး Huaining နှင့် Qi Fufang တို့မှ သူမအား ချောက်ချခဲ့သည်ကို မည်သူမျှ ဂရုမစိုက်သကဲ့သို့ Qi Yu နှင့် မင်းသမီး Huaining ၏ ခေါင်းမာမှုကိုလည်း မည်သူမျှ ဂရုမစိုက်ကြပေ။ လူထု ထင်မြင်ယူဆချက်မှာ အခြားသူများမှ ထိန်းချုပ်ထားပုံရပြီး ညစ်ပတ်သောရေများအား သူမနှင့် ကျင်းဝမ်အပေါ်သို့ လောင်းချနေသည်။

ဤကိစ္စများ၏ နောက်ကွယ်တွင် မီးစာထည့်နေသည့်    သူတစ်ယောက် ရှိနိုင်ခြေများနေသည်။ ချီမိသားစုလား။ သို့မဟုတ် မင်းသမီး Huaining နှင့် အခြားသူများလား။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now