အခန်း(၅၀)

113 13 2
                                    

အခန်း(၅၀)

သတ်ဖြတ်လိုသော ဆန္ဒ။ လျှို့ဝှက်ချက်။





Gu Feiyan မှာ ခရမ်းရောင်ဒေါနအရွက် ပမာဏ အများအပြားမှာ အဆိပ်ဖြစ်စေသည်ဟု နိဂုံးချုပ်လိုက်ပြီးနောက် တိတ်တဆိတ် သက်ပြင်းချမိသည်။ Xia Xiaoman ၏ အဆိပ်အတောက်ဖြစ်သည့် ဆေးဝါးများကို အလွန်အကျွံသုံးစွဲသည့် ကိစ္စမှာ ဖြေရှင်းရန် လွယ်ကူသော်လည်း လူသတ်သမားမှာမူ ဖြေရှင်းရန် ခက်ခဲလိမ့်မည်။

Xia Xiaoman နှင့် Mang Zhong တို့နှစ်ယောက်လုံးမှာ အံသြသွားကြသည်။ ဤသို့ဖြစ်နေရန် သူတို့ မမျှော်လင့်ထားပေ။

Gu Feiyan မှာ မနှောင့်နှေးပဲ ချက်ချင်းပြောလိုက်သည်။ "အခု အဆိပ်က မသက်မသာ ဖြစ်လောက်အောင် မလုံလောက်သေးဘူး။ ကျွန်မတို့တွေ ထပ်ပြီး နှောင့်နှေးနေရင်တော့ နောက်ကျသွားလိမ့်မယ်။  နှစ်ယောက်စလုံး တံခါးတွေ ပြတင်းပေါက်တွေကို မြန်မြန်ဖွင့်။ ပြီးတော့ အနီရောင်ပိုးစာရွက်ရေကို မြန်မြန်လေး ပြုတ်ရမယ်။ အဲ့တာ ရေငွေ့ထဲက အဆိပ်တွေကို စုပ်ယူနိုင်လိမ့်မယ်။"

“ဒါပေမယ့် အရှင့်သား..”

Xia Xiaoman မှာ စိုးရိမ်ပြီး ချီတုံချတုံ ဖြစ်နေသည်။ အရှင့်သားမှာ ထူးထူးခြားခြား အအေးမိဖျားနာ ခံစားနေရသည်။  ဤကဲ့သို့ လေအေးများတိုက်ခတ်နေသည့် နေ့တွင် ပြတင်းပေါက်များဖွင့်ကာ လေအေးများ တိုက်ခတ်လာလျှင် အရှင့်သားမှာ မည်သို့ခံနိုင်ရည်ရှိမည်လဲ။

“သူမ စကားနားထောင်..”

"မြန်မြန်၊ အရှင့်သားမှာ ဖြစ်လာသမျှအတွက် ကျွန်မ တာဝန်ယူမယ်။"

Jun Jiuchen နှင့် Gu Feiyan တို့မှာ တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

ကျင်းဝမ် မှ ပြောလာသဖြင့် Xia Xiaoman နှင့် Mang Zhong တို့မှာ နှောင့်နှေးမနေဝံ့တော့ပဲ ချက်ချင်း လမ်းခွဲလိုက်ကြသည်။

Gu Feiyan ၏ အကြည့်များမှာ နောက်ဆုံးတွင် Jun Jiuchen ၏ ဆွဲဆောင်မှုရှိသော ကျောဆီသို့ ပြန်ရောက်သွားခဲ့သည်။ သူမ အလွန်အမင်း စိတ်လှုပ်ရှားနေသော်လည်း တစ်ခဏပင် မနှောင့်နှေးဝံ့ပေ။ သူမ ကိုယ်ကိုကိုယ့် ထိန်းထားနိုင်ခဲ့ပြီး Jun Jiuchen ၏ အနားသို့ အမြန်လျှောက်သွားလိုက်သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now