အခန်း(၆၆)

98 11 2
                                    

အခန်း(၆၆)

ဟွေ့နင်း ကိုယ်မင်းကို မှားယွင်းမိပြီ။







ကျင်းဝမ်မှာ အမှုအတွက် စစ်ဆေးရန် တရားမျှတရေးတရားရုံးများသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်ခဲ့သည်မှာ ကိစ္စကြီးတစ်ခုပင် ။

မိုးသောက်ချိန်တွင် တရားရုံးရှိ အဆင့်အားလုံးမှ အရာရှိများမှာ နေရာယူထားပြီဖြစ်သည်။ ဆေးဝါးပညာရှင်ကြီး အရှင်နန်းကုန်းပင် ရောက်လာကာ မည်သူမှ လျစ်လျူရှုမထားဝံ့ပေ။ တရားရုံး၏ ပင်မတံခါးနှင့် ဘေးတံခါးများမှာ ကျယ်ကျယ်ပြန့်ပြန့် ပွင့်နေပြီး ယာမိန်အစောင့်များမှာ ဘယ်ညာ သုံးတန်းစီ ရပ်နေကြသည်။ မြင်ကွင်းတစ်ခုလုံးမှာ လေးနက်တိတ်ဆိတ်နေသည်။

Jun Jiuchen မှာ ပေါ့ပေါ့ပါးပါး ၀တ်စုံကို ၀တ်ဆင်ထားပြီး သူ၏ နက်မှောင်သော မှင်ရောင်ဆံပင်ကို တစ်ဝက်စည်းထားကာ သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော လွှမ်းမိုးသည့် အရှိန်အဝါမှာ အနည်းငယ်မျှ လျော့မသွားပေ။ သူက ပင်မတရားသူကြီး၏ ထိုင်ခုံ အမြင့်တွင် ထိုင်နေပြီး မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေသည်။ သူက စကားတစ်ခွန်းမှ မပြောသော်လည်း သူ့ဆီမှ သာမာန်ကာလျှံကာ အကြည့်တစ်ချက်ဖြင့် လူတိုင်း ကြောက်လန့်တကြား တုန်လှုပ်သွားစေနိုင်သည်။

တရားရုံး၏ အရာရှိ အရှင်ကျန်းမှာ ပထမ ခုံသမာဓိရုံးတွင် ထိုင်ရမည်ဟု ယူဆခဲ့သော်လည်း ယခုတွင် သူက ရပ်နေရကာ မျက်နှာမှာ ဖြူဖျော့နေပြီး ခြေထောက်များ ပျော့ခွေကာ နောင်တများဖြင့် ပြည့်နေသည်။ ချီမောင်နှမများ၏ အမူအရာမှာလည်း များစွာ မကောင်းလှပေ။ မောက်မာသော Qi Yu သည်ပင် ကျင်းဝမ်၏ ရှေ့တွင် ခေါင်းမထောင်ဝံ့ပေ။

မင်းသမီး Huaining တစ်ဦးတည်းသာ တောင့်ခံနေသည်။ သူမ Qi Yu ၏ အနားသို့ ရွှေ့လိုက်ပြီး တီးတိုးပြောလိုက်သည်။ "အစ်ကိုယု၊ သိပ်စိတ်မပူပါနဲ့။ ဒါကို ကျွန်မတစ်ယောက်တည်း ကိုင်တွယ်နိုင်တယ်။ မယ်တော်နဲ့ အစ်ကိုတော်ကို ရှာဖို့ လူလွှတ်ထားပြီးသား။ ချီမိသားစုကို မထိနိုင်ဖို့ အာမခံတယ်။"

ကျင်းဝမ်မှာ ချီမိသားစုကို ထိနိုင်ခြင်း ရှိ၊ မရှိကို Qi Yu မှာ မသေချာပေ။ သို့သော် မင်းသမီး Huaining မှ အပြစ်ကို ကျေကျေနပ်နပ် တာဝန်ခံပေးနေသမျှ ချီမိသားစုမှ ရှင်သန်နိုင်မည်ကို သိနေသည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now