အခန်း(၉၆)

53 8 0
                                    

အခန်း(၉၆)

ရောက်လာတဲ့သူက သေချာပေါက် သာမာန်လူတစ်ယောက် မဟုတ်ဘူး။






နောက်တစ်နေ့။

Gu Feiyan မှာ စောစော အိပ်ယာထလာသည်။ မွန်းတည့်ခါနီးအထိ သူမ စောင့်နေသော်လည်း Jun Jiuchen မှ ပြန်လာချိန်အထိ မစောင့်နိုင်တော့ပေ။

Xia Xiaoman မှ တစ်စုံတစ်ရာ ပြန်မပြောသေးသကဲ့သို့ အိမ်တော်တွင်းရှိ မိန်းမစိုးတစ်ယောက်မှ ကျင်းဝမ်၏နေရာကို မပြောနိုင်သည့်အတွက် သူမ ထပ်မံ မစောင့်တော့ရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း သူမ အပြင်ထွက်ခါနီးတွင် အပြင်ဘက်မှ လျှောက်လာသော Jun Jiuchen ကို ရုတ်တရက် ဝင်တိုက်မိလေသည် ။

“အရှင့်သား..."

Gu Feiyan မှာ တကယ်ကို မရည်ရွယ်သော်လည်း စိတ်ထဲတွင် မထိန်းနိုင်ပဲ နှစ်ယောက်ကြားရှိ ရှက်စရာကောင်းသော အဖြစ်အပျက်ကို ရုတ်တရက် သတိရမိသည်။ သူမ သူ့ကို ရက်အတော်ကြာအောင် စောင့်နေခဲ့သည်ကိုပင် မေ့သွားပြီး မသိစိတ်က ပုန်းနေရန် လှည့်သွားလိုက်သည်။

သို့သော် Jun Jiuchen မှ သူမကို တွေ့နေသည်မှာ ကြာပြီပင်။

သူက အေးစက်စွာ ပြောလိုက်လေသည်။ “ဆေးမိန်းကလေးကု၊ မင်းဘာတွေ ပုန်းနေတာလဲ။"

Gu Feiyan မှာ ရုတ်တရတ် ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ Jun Jiuchen ၏ ချောမောသော မျက်နှာကို မြင်လိုက်ရလျှင် သူမ၏ ပါးပြင်များမှာ မထိန်းနိုင်ပဲ နီရဲလာပြန်တော့သည်။

Jun Jiuchen မှာ တချီ ဘုရားကျောင်းတွင် နှစ်ရက်ကြာ နေခဲ့ပြီး သူ၏ နှလုံးသားမှာ အတော်ကြာကပင် တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။ အဆုံးတွင် ကိစ္စအားလုံးမှာ သူ၏ အစီအစဉ်အတိုင်း ဖြစ်နေသည်။ အကယ်၍ မတော်တဆမှုလေးတစ်ခုဖြစ်ခဲ့လျှင်တောင် အခြေအနေတစ်ခုလုံးကို ထိခိုက်စေမည်မဟုတ်ပေ။ သို့သော် Gu Feiyan မှ ရှက်ရွံ့နေသည်ကို မြင်လိုက်ရလျှင် သူက အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ ကံကောင်းစွာဖြင့်၊ Gu Feiyan မှာ သတိမထားမိလိုက်ပေ။

Jun Jiuchen မှာ အေးစက်စွာ မေးလိုက်လေသည်။ "မင်းဘယ်သွားမလို့လဲ။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now