အခန်း(၅၉)

92 9 0
                                    

အခန်း(၅၉)

သစ္စာဖောက်မှု၊ ဆိုးဆိုးဝါးဝါး တစ်ခုခု ဖြစ်သွားပြီ။





တစ်နာရီမကြာမီပင် အရှင်ကျန်းမှာ နန်းတွင်းအစောင့်တပ်များနှင့် ပူးပေါင်းပြီး မည်သူ့ကိုမျှ ဝင်ထွက်ခွင့်မပြုပဲ တော်ဝင်ဆေးပေးခန်းကို တင်းတင်းကျပ်ကျပ် ဝိုင်းရံထားလိုက်သည်။ အရှင်နန်းကုန်း၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အရှင်ကျန်းမှာ ဆေးကျွန်များ၊ ဆေးမိန်းကလေးများ၊ ဆေးအလုပ်သမားများနှင့် ဆေးဝါးပညာရှင်များအပြင် ပါဝင်ပစ္စည်းများနှင့် ထိတွေ့မိသော မိန်းမစိုးများနှင့် နန်းတွင်းအစေခံများအားလုံးကို သေချာစွာ စစ်ဆေးမေးမြန်းခဲ့သည်။

အရှင်ကျန်းမှာ တစ်စုံတစ်ယောက်မှ ဆေးအိတ်ကို ခိုးယူခဲ့ကြောင်းသာ ပြောခဲ့သည်။ အသေးစိတ်အချက်အလက်များကို လူသိရှင်ကြားမထုတ်ပြန်ခဲ့သကဲ့သို့ ကျင်းဝမ်မှ ဆေးသောက်ခဲ့ခြင်းရှိ၊ မရှိကိုလည်း ပြောကြားခြင်းမပြုခဲ့ပေ။ သို့တိုင် သတင်းထွက်လာသောအခါ နန်းတွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ မယ်တော်ကြီးပင်လျှင် ကျင်းဝမ်၏ ဘေးကင်းရေးအတွက် စိုးရိမ်သဖြင့် ကျင်းဝမ်တော်အိမ်သို့ ကိုယ်တိုင်ကိုယ်ကျ ပြေးသွားခဲ့သည်။

ထိုအချိန်တွင် မင်းသမီး Huaining နှင့် Qi Fufang တို့မှာ ဖန်ဟွားနန်းဆောင်တွင် လက်သည်းများ ပြုပြင်နေကြပြီး တစ်ချိန်တည်း စကားစမြည်ပြောနေကြသည်။ ရွှယ်ကုန်းကုန်းမှ တော်ဝင်ဆေးပေးခန်း၏ အခြေအနေကို သတင်းပို့ရန် အခန်းထဲသို့ အပြေးအလွှား ရောက်လာလျှင်တော့ နှစ်ယောက်သား တိတ်တဆိတ် နားလည်လိုက်ကြပြီး တစ်ယောက်ကို တစ်ယောက် ပြုံးပြလိုက်ကြသည်။

ရွှယ်ကုန်းကုန်းမှ ထွက်သွားပြီးနောက် စိတ်လှုပ်ရှားနေသည့် Qi Fufang မှာမစောင့်နိုင်တော့ပဲ ပြောလိုက်သည်။ "မင်းသမီး၊ ပြပွဲသွားကြည့်ရအောင်။"

မင်းသမီး Huaining မှာ အပြုံးဖြင့် ပြောလိုက်သည်၊ "အလျင်မလိုပါနဲ့။ အဲ့ဒီလူက Gu Feiyan ကို ဝန်ခံအောင် စောင့်ပြီးမှ သွားကြည့်ရအောင်။"

Qi Fufang နှင့် မင်းသမီး Huaining တို့မှာ ဖန်ဟွား နန်းတော်တွင် စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။ နောက်တစ်နေ့မွန်းလွဲပိုင်း မင်းသမီး Huaining မှ အိပ်ပျော်နေချိန်တွင် အရှင်ကျန်းမှာ မင်းသမီး Huaining ထံမဟုတ်ပဲ Qi Fufang ကို ကိုယ်တိုင်ကိုယ်ကျ ရှာဖွေရန် ရောက်လာလေသည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now