အခန်း(၉၈)

56 9 2
                                    

အခန်း(၉၈)

သူမရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေတာလဲ။






Jun Jiuchen မှာ အခြားသူများကို စောင့်ဆိုင်းရန် စိတ်ရှည်သည်းခံခြင်း မရှိခဲ့သော်လည်း Gu Feiyan မှ နိုးလာသည်အထိ တံခါးဝတွင် စောင့်ခဲ့သည်။ ကံမကောင်းစွာ အိမ်တွင်း၌ ဘာတွေဖြစ်နေလဲ သူက မသိပေ။

Xia Xiaoman မှာ ဘေးနားတွင် စောင့်နေသည်။ မူလက သူ၏သခင်ကို ကြေငြာစာကပ်လိုခြင်း ရှိမရှိ မေးမြန်းချင်ခဲ့သော်လည်း သခင်ဖြစ်သူမှ ယနေ့တွင် စိတ်အခြေအနေ ကောင်းဟန်မတူကြောင်း မြင်လျှင် တုံ့ဆိုင်းနေတော့သည်။

အကယ်၍ Cheng Yifei မှ ကြေငြာချက် ထုတ်ပြန်ခြင်း မရှိလျှင် ၎င်းမှာ ကိစ္စကြီး မဟုတ်ပေ။ သို့သော် Cheng Yifei မှ ကြေငြာချက်  ထုတ်ပြန်ထားသော်လည်း ကျင်းဝမ်မှာ နှုတ်ဆိတ်နေဆဲဖြစ်သည်။ အပြင်လူများက မည်သို့ခန့်မှန်းနေကြမည်လဲ။ ကျင်းဝမ်တွင် အပြစ်ရှိစိတ်ရှိနေသည်လား။ ကျင်းဝမ်မှာ ထိုကောလာဟာလများကို လက်ခံခဲ့ခြင်း ဖြစ်နိုင်လေသလား။

နေ့လည်စာစားချိန်ရောက်သောအခါ၊ Jun Jiuchen မှာ Xia Xiaoman ကို ထပ်မံပြီး တံခါးခေါက်ခိုင်းလိုက်ပြန်သည်။ မမျှော်လင့်ပဲ Xia Xiaoman  မှာ အချိန်အတော်ကြာ ခေါက်နေသော်လည်း အိမ်ထဲတွင် လှုပ်ရှားမှုမရှိပေ။

တကယ်လို့ အိပ်ရေးပျက်နေရင်တောင် အချိန်အကြာကြီး အိပ်ပြီးတော့ မနိုးပဲ မနေဘူး!

Jun Jiuchen  မှာ ချက်ချင်းပင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိသွားတော့သည်။ သူက လမ်းလျှောက်သွားကာ Xia Xiaoman ကို အေးစက်စွာ မေးလိုက်လေသည်။ "သူမက အနားယူချင်တယ်လို့ တကယ်ပြောတာလား။"

“ဒီအစေခံ..."

Xia Xiaoman မှ စကားမဆုံးခင် Jun Jiuchen မှာ တံခါးကို ချိုးဖျက်လိုက်သည်။

သူက Gu Feiyan မှ မြေပြင်ပေါ်တွင် လဲကာ သတိလစ်နေသည်ကို တွေ့လိုက်ရတော့သည်။

စဥ်းစားမနေနိုင်ပဲ Jun Jiuchen မှာ အပြေးအလွှားဝင်သွားပြီး သူမကို ခုံတန်းရှည် ပေါ်တင်လိုက်လေသည်။ "သမားတော်ကျိုးကို မြန်မြန်။"

"ဟုတ်.. ဟုတ်ကဲ့..” Xia Xiaoman မှာ လှည့်ပြီး ကြောက်လန့်တကြား ထွက်ပြေးသွားတော့သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now