အခန်း(၇၄)

99 12 5
                                    

အခန်း(၇၄)

နံစော်နေတဲ့ ရေခဲတုံးက စောင့်ကြည့်နေတယ်။





Gu Feiyan ၏ အသနားခံမျက်လုံးများကို ကြည့်ရင်း Cheng Yifei မှာ အံ့သြသွားသည်။ နောက်ဆုံးတွင်၊ သူက နားလည်ထားသည်မှာ ဤအမျိုးသမီးသည် အတင်းအဖျင်းများနှင့် ကမ္ဘာမှ မှတ်ချက်များကို စိတ်မ၀င်စားပဲ အလွယ်တကူ အကူအညီတောင်းမည့်သူ မဟုတ်ပေ။

သူက တုံ့ဆိုင်းမနေသကဲ့သို့ စကားမဆိုတော့ပဲ လှည်းပေါ်မှ ထွက်လာပေးလိုက်သည်။

ခဏအကြာတွင်၊ Gu Feiyan ၏လက်များကို ပတ်တီးပြန်စည်းထားပြီး၊ သူမ၏ဖိနပ်နှင့် ခြေအိတ်များကို တစ်ဖက်တွင် ချွတ်ထားကာ ခြေချောင်းများကို တင်းတင်းကျပ်ကျပ် ပတ်တီးစည်းထားလိုက်သည်။

ပြီးသည်နှင့် အမျိုးသမီး သမားတော်မှ ထွက်သွားလျှင် Gu Feiyan မှာ စကားဆက်ရန် မစောင့်နိုင်တော့ပေ။ "Cheng Yifei၊ ဝူကုန်းကုန်း ..."

Cheng Yifei ၏ မျက်လုံးများမှာ သူမ၏ ဒဏ်ရာများဖြင့်သာ ပြည့်နှက်နေကာ ဖြတ်ပြောလိုက်လေသည်။ “ဆေးမိန်းကလေးငယ်လေး။ နာနေသေးလား။"

Gu Feiyan မှာ စိုးရိမ်တကြီး ဖြစ်နေသည်။ "စစ်သူကြီးချန် ကျွန်မ ရှင်နဲ့ ဆွေးနွေးစရာကိစ္စရှိသေးတယ်။"

Cheng Yifei မှာ အသံကို လျှော့လိုက်လေသည်။ "မင်းဘာတွေ အလျင်လိုနေတာလဲ။ ဝူကုန်းကုန်းက ဒီစစ်သူကြီးရဲ့ လက်ထဲမှာ ရှိနေတယ်။"

Gu Feiyan မှာ အံ့ဩတကြီးဖြင့် အသက်ရှူသွင်းလိုက်လေသည်။ "ရှင်ဘာပြောလိုက်တာလဲ။"

Cheng Yifei မှာ မြို့တော်သို့ပြန်ရောက်လာပြီးကတည်းက ဝူကုန်းကုန်းကို စောင့်ကြည့်ရန် လူလွှတ်ထားခဲ့သည်။ လွန်ခဲ့သည့်သုံးရက်တွင် ဝူကုန်းကုန်းမှာ မိန်းမစိုးအများအပြားနှင့်အတူ နန်းတော်မှ ရုတ်တရက် ထွက်ခွာသွားကြောင်း သိလိုက်ရသောကြောင့် ချက်ချင်းပင် စတင် ခြေရာခံစုံစမ်းခဲ့သည်။ ကံမကောင်းစွာ သူက မြို့မှ ထွက်ခွာသည်နှင့် မျက်ခြေပြတ်သွားခဲ့ရသည်။ မနေ့က သန်းခေါင်ယံတွင် လူတစ်ယောက်မှာ ဝူကုန်းကုန်းကို သူ၏ ခြံဝန်းတွင်း ရုတ်တရက် ပစ်ချလိုက်သည်။ ဝူကုန်းကုန်းမှာ ကြိုးနှင့်ချည်ထားခံရပြီး ကိုယ်ပေါ်တွင် အမည်မသိ ဆေးဖက်ဝင်ပစ္စည်းတစ်ထုပ်နှင့် ထူးဆန်းသော ဆေးညွှန်းအချို့ပါလာလေသည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now