အခန်း(၂၀)

197 21 0
                                    

အခန်း(၂၀)

ယဥ်ကျေးမှု။ ရှင်တော့ သေတော့မှာပဲ။




ကုမိသားစု၏နေအိမ်သို့ ရောက်ရှိပြီးနောက် Gu Feiyan အား အလွန်ခမ်းနားသော ဧည့်ခန်းသို့ခေါ်ဆောင်သွားသည်။ တံခါးဝသို့လျှင် ဒုတိယသခင်ကြီး Gu နှင့် သူ၏ပထမဇနီး သခင်မ Wang မှာ စားပွဲထိပ်တွင်ထိုင်နေသည်အား တွေ့လိုက်ရသည်။ Qi မိသားစုမှဧည့်သည်နှစ်ဦး ဖြစ်သည့် Qi Yu နှင့် Qi Fufang မှာလည်း ရောက် ရှိနေသည်။

Qi Yu ၏ အဖြူရောင်ကျောက်စိမ်းခါးပတ်မှာ သူ့အား ခမ်းနားသောအသွင်အပြင်အား ပေးစွမ်းနိုင်သည်။သူက စစ်ဘက်အရာရှိတစ်ဦးဖြစ်နေသော်လည်း ချန်ရီဖေး၏ မျက်ခုံးများကြားတွင် ရှိနေသော ကြမ်းတမ်းသည့် သူရဲကောင်းတစ်ယောက်၏ အငွေအသက်များ လစ်ဟင်းကာ စာပေ ပညာရှင်တစ်ဦး၏ အငွေ့အသက်အားသာ ပေးစွမ်းနိုင်သည်။ အသေအချာပင် ၎င်းမှာ Gu Feiyan ၏ မျက်လုံးတွင် အလိမ်အညာများပင်။

သူ၏ ဘေးတွင် အစ်မဖြစ်သူ Qi Fufang ရှိနေသည်။ ထိုအမျိုးသမီးမှာ မင်းသမီး Huaining ဖြင့် အချစ်ဆုံးသူငယ်ချင်းများဖြစ်ကြသည်။ သူမနှင့် မင်းသမီး Huaining တို့မှာ လှပသော်လည်း ရက်စက်ကြမ်းကြုတ်သော မြွေတစ်ကောင်ကဲ့သို့ အမျိုးသမီးများပင်။

အခန်းထဲတွင် ရယ်မောကာ စကား ပြောဆိုနေကြသူများနှင့် ပြည့်နေသည်။ စေ့စပ်ကြောင်းလမ်းမှုအား ဖျက်သိမ်းရန်  ဆွေးနွေးနေဟန် အနည်းငယ်ပင် မပေါ်ချေ။ ဒုတိယသခင်ကြီးGu မှာ အကြီးအကဲတစ်ယောက်၏ အငွေ့အသက်ရှိကာ သခင်မWang ၏ မျက်နှာမှာ ကျော့မော့နေသည်။ Gu Feiyan မှာ တံခါးဝတွင် ပေါ်လာလျှင် အခန်းမှာ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။

Gu Feiyan အား မျက်နှာချေ မပါပဲ ရှုပ်ပွနေသော ဆံပင်နှင့် ချည်ထည် အင်္ကျီဟောင်းဖြင့် မြင်လျှင် Qi Yu မှာ ချက်ချင်း မျက်မှောင်ကျုတ်ကာ မျက်လုံးများ ညစ်ပတ်သွားသကဲ့သို့ တစ်ဖက်သို့ ခေါင်းလှည့်လိုက်သည်။ တစ်ဖက်တွင်.Qi Fufang မှာ သူမအား အလေးအနက်ထား ကြည့်ရှုကာ ဝေဖန်မှုရှုတ်ချမှုများမှာ မျက်လုံးများပေါ်တွင် ပြည့်နေလေသည်။

Gu Feiyan မှာ သူတို့အား လျစ်လျူရှုကာ ကျောမတ်မတ်ထားရင်း တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ သို့တိုင် သူမက Qi Fufang အား ဖြတ်လျှောက်သွားလိုက်သည်နှင့် ရယ်မောလာလေသည်။ "ဒုတိယသခင်ကြီးGu.. ရှင်တို့ကုမိသားစုက ဧည့်သည်တွေကို ဘယ်လိုဆက်ဆံတာလဲ။ သူမရဲ့ ညစ်ပတ်တဲ့ပုံစံနဲ့ ဘယ်လိုလုပ် ထွက်လာဖို့  သတ္တိရှိနေတာလဲ။ ရှင့်ရဲ့ ကုမိသားစုက ကျွန်မတို့ မောင်နှမနှစ်ယောက်ကို အရမ်းမလေးမစား လုပ်နေတာ မဟုတ်လား။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now