အခန်း(၅၄)

96 11 2
                                    

အခန်း(၅၄)

ကောင်းကင် မြေကြီးနဲ့။ မင်းနဲ့ ငါ့ကြား….






Jun Jiuchen မှာ Gu Feiyan ၏ စကားကိုယုံသလား မရှင်းလင်းသော်လည်း သူက ဆေးညွှန်းအသစ်ကို စိတ်ဝင်စားနေသည်။ နောက်ဆုံးတော့ သူက စကားစလာသည်။ "မင်းရဲ့ထင်မြင်ချက်အတိုင်းဆို ကြက်သွေးရောင်မီးတောက်သတ္တရိုင်း အတွက် ဘယ်ဆေးသတ္တုရိုင်းကို သုံးသင့်သလဲ။ ဘယ်လို ဆေးဓါတ်ကူပစ္စည်းမျိုးက အထောက်အကူဖြစ်သင့်လဲ။"

ကျင်းဝမ်မှာ စကားပြောလာလျှင်တော့ Gu Feiyan မှာ နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်လေသည်။

သူမ ခေါင်းကို မော့လိုက်ရင်း နီမြန်းနေသော မျက်နှာလေးတွင် လေးနက်မှုအပြည့်ပင်။ "ကျွန်မသိသလောက် အအေးဓါတ်ကို ဖယ်ရှားဖို့ ကြက်သွေးရောင်မီးတောက်သတ္တုရိုင်းအပြင် နောက်ထပ် ဆေးသတ္တုရိုင်း အမျိုးအစားသုံးမျိုးရှိပါတယ်။ ဒီအစေခံက သမားတော် မဟုတ်လို့ ဒီကိစ္စအတွက် ဆေးစစ်ချက်ထုတ်ပြီး ဆေးညွှန်းပေးဖို့  သမားတော်တစ်ယောက်လိုနေပါသေးတယ်။"

Jun Jiuchen မှာ သူမအား စမ်းစစ်နေဟန်ဖြင့် ကြည့်လိုက်သည်။ "မင်းက ​ဆေး​မိန်းကလေးတစ်​​ယောက်​ပဲ၊ မင်းရဲ့ ​ဆေးပညာစွမ်းရည်က ဘယ်​ကလာတာလဲ။"

ထိုအချိန်တွင် Gu Feiyan မှာ ရင်းနှီးသော ခံစားချက်တစ်ခု  ခံစားလိုက်ရပြီး နံစော်နေသော ရေခဲတုံး လုပ်ကြံသတ်ဖြတ်သူအကြောင်းကို သတိရမိသည်။ ထိုသူမှာလည်း သူမကို ဤကဲ့သို့ မြင်ခဲ့ပြီး တူညီစွာ မေးခွန်းထုတ်ခဲ့သည်။

Gu Feiyan မှာ နံစော်နေသော ရေခဲတုံး လုပ်ကြံသတ်ဖြတ်သူ၏ ကိုယ်ရည်ကိုယ်သွေးသည် ကျင်းဝမ် နှင့် ဆင်တူသည်ဟု ခံစားမိသော်လည်း Jun Jiuchen အား သူ၏ သံသယရှိသူစာရင်းတွင် မထည့်ခဲ့ပေ။ တော်ဝင်မိသားစုရှိ လူများတွင် ဘယ်မင်းသားထံ၌ ကျင်းဝမ်ဖြင့် တူညီသော စိတ်ထားမျိုး ရှိကြောင်း သိနိုင်ရန် အခွင့်အရေး ရှာသင့်ကြောင်း သူမ တိတ်တဆိတ် တွေးလိုက်လေသည်။

Gu Feiyan ၏ တုံ့ပြန်မှု နည်းဗျူဟာမှာ ယခင်အတိုင်းပင်။ သူမ ပြောလိုက်သည်။ "ဒီအစေခံက ဘိုးဘေးတွေဆီက ဆေးဘက်ဆိုင်ရာ ကျမ်းတစ်ခုကို အမွေဆက်ခံခဲ့ပါတယ်။ ဒါကြောင့် နှစ်အနည်းငယ်ကြာအောင် လေ့လာခဲ့ပြီး တော်တော်အသုံးဝင်တယ်ဆိုတာ သိလိုက်ရတယ်။ ဒါပေမယ့် တော်ဝင်ဆေးပေးခန်းက ဆေးဝါးပညာရှင်တွေနဲ့ နှိုင်းယှဉ်လို့ မရပါဘူး။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now