အခန်း(၉၅)

82 9 2
                                    

အခန်း(၉၅)

တောင်းပန်ခြင်း၊ ကျေးဇူးတင်ခြင်း၊ ဂုဏ်ပြုခြင်း။







Cheng Yifei လည်း  စာကပ်ထားတာလား။

ဒီလိုအချိန်မျိုးမှာ သူဘာလို့ ဒီလောက် ရှုပ်နေရတာလဲ။

Gu Feiyan မှာ စိုးရိမ်တကြီးမေးလိုက်လေသည်။ "Cheng Yifei က ဘာတွေကြေငြာလိုက်တာလဲ။"

မိန်းမစိုးမှာ ကြေငြာချက်၏ မူရင်းစကားကို ချက်ချင်း ပြန်ပြောလိုက်သည်။ Gu Feiyan မှာ အလွန်အံ့သြသွားပြီး အတန်ကြာအောင် ဘာပြန်ပြောရမှန်း မသိတော့ပေ။

Cheng Yifei ၏ ကြေငြာစာမှာ ချီမိသားစု၏ စာထက်သုံးဆရှည်လျားသည်။

အကြောင်းအရာမှာ အကြမ်းဖျင်းအားဖြင့် အဓိပ္ပါယ်သုံးမျိုးပါရှိသည်။ တစ်ခုကတော့ သူနှင့် Gu Feiyan တို့မှာ ကံကြမ္မာမျှော်စင်တွင် ဖြစ်ပျက်ခဲ့သည်များအကြောင်းပင်။ သူက Gu Feiyan မှ သူ့အတွက် လာရောက် ဆေးပို့ပေးကာ အသက်ကို ကယ်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းပြောပြီး သူမကို ထမင်းတစ်နပ် ကျွေးချင်သော်လည်း နောက်ပိုင်းမှာ မူးကာ အသိစိတ်လွတ်သွားခဲ့သည်။ သူ၏ အမှားအယွင်းများကြောင့် Gu Feiyan ထံ မလိုအပ်ပဲ ဒုက္ခဖြစ်စေခဲ့၍ လူသိရှင်ကြားတောင်းပန်ထားသည်။

အခြားအဓိပ္ပါယ်မှာ Gu Feiyan မှ သူ့ကို ကယ်တင်ရုံသာမက စစ်စခန်းရှိ သူ၏ ညီအစ်ကိုများကိုပါ ကယ်တင်ခဲ့သည်။

တတိယအဓိပ္ပါယ်မှာမူ အထူးစိတ်ဝင်စားစရာ ကောင်းလှသည်။

Gu Feiyan မှာ မိန်းမကောင်းလေးတစ်ဦးဖြစ်ပြီး လူကောင်းတစ်ဦးနှင့်တွေ့ဆုံရန် ထိုက်တန်သည်ဟု သူက ပြောထားကာ အထူးကြေငြာချက်တစ်ခုထုတ်ခဲ့သည်…. Gu Feiyan နှင့် Qi Yu တို့၏စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းသည့်အတွက် ဂုဏ်ယူကြောင်း၊ တစ်ချိန်တည်းမှာပင် သူက လူကောင်းတစ်ယောက်ဟု ခံစားမိပြီး Gu Feiyan ထံ သူ့ကို စဉ်းစားပေးရန် အကြံပေးခဲ့သည်။

Gu Feiyan မှာ ရှက်ရွံ့ဒေါသဖြစ်နေသော်လည်း ရယ်ချင်နေပြန်သည်။ သူမ၏ စိတ်အခြေအနေမှာ အလွန်ရှုပ်ထွေးနေသည်။ ၎င်းမှာ ရှုပ်ထွေးနေသော်လည်း သူမစိတ်ထဲတွင် Cheng Yifei ကို တိတ်တဆိတ် မချီးမွှမ်းပဲ မနေနိုင်ပေ။ အဲ့ဒီကောင်က... ထက်မြက်သားပဲ!!!

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now