အခန်း(၉၂)

59 8 0
                                    

အခန်း(၉၂)

ကျင်းဝမ်က နံရံကို မျက်နှာမူဖို့ သွားတယ်လို့ ပြောကြတယ်။





Gu Feiyan မှာ အစပိုင်းတွင် သူမ၏ အချိန်များကို ဖြုန်းတီးရန် မရည်ရွယ်ခဲ့သော်လည်း Qi Yu ၏စာကြောင့် ဒေါသထွက်ပြီးနောက်  ဆက်လက်ဖြုန်းတီးရန် ဆုံးဖြတ်လိုက်လေသည်။

အတိတ်က အာဃာတတွေကို မေ့ရမယ်။ ကောလဟာလတွေကို ထည့်မတွက်ဘူးလား။ သူမကိုလက်ထပ်ချင်တာတောင် မာနကြီးနေသေးလား။

ချီမိသားစုက ဘယ်သူ့ကိုမှ မတောင်းပန်ဖူးဘူး မဟုတ်လား။

ဒါဆိုရင် သူမ သူတို့ကို အကူအညီတောင်းတတ်လာအောင် သင်ခန်းစာတစ်ခု သင်ပေးလိမ့်မယ်။

Gu Feiyan မှာ စာကိုကောက်ကိုင်လိုက်ပြီး Xia Xiaoman ကို ပြောလိုက်လေသည်။ "ပြန်ပေးလိုက်။ ပြီးရင် ငါဒီမှာမရှိဘူးလို့ ပြောလိုက်။"

Xia Xiaoman မှာ  Gu Feiyan ၏ သဘောထားကို အလွန် ကျေနပ်နေသော်လည်း စာကိုပြန်မပေးပဲ  ထွက်သွားခိုင်းလိုက်သည်။ ကုမိသားစု၏ ဒုတိယသခင်ကြီးမှာ မောင်းထုတ်ခံလိုက်ရလေသည်။

Gu Feiyan မှာ သူ၏ မျက်နှာမှ သုန်မှုန်နေခြင်း မရှိတော့ကြောင်းကို မြင်လျှင် ပြုံးပြီးမေးလိုက်လေသည်။ "Xiaoman ၊ ဒီရက်ပိုင်း အရှင့်သားက ပြန်မလာဘူးလား။ "

Xia Xiaoman မှာ မျက်လုံးပြူးပြီး ထွက်သွားရန် ပြင်လိုက်သော်လည်း ရပ်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။ " အဲဒီနေ့က ဘာလို့ အော်တာလဲ ပြောပါဦး။ မင်းက ဘယ်သူတွေ ကြည့်ဖို့ တားမြစ်ထားလဲ။ မင်းဘာတွေ ကြည့်ဖို့ တားမြစ်ထားလဲ ပြောရင် ငါ မင်းကို အဖြေပေးလိမ့်မယ်။"

Xia Xiaoman မှာ အရှက်မဲ့စွာ မေးလိုက်သော်လည်း Gu Feiyan ၏ နားရွက်များမှာ နီရဲသွားတော့သည်။ သူမ Xia Xiaoman ၏အကြည့်များကို ရှောင်လိုက်ပြီး စိတ်မကြည်မလင်စွာ ယောင်ဝါးဝါး ဖြေလိုက်လေသည်။ "မင်းမဖြေရင် မဖြေနဲ့။ ငါဂရုမစိုက်ဘူး။"

ထို့နောက် သူမ ရှောင်ထွက်လာလိုက်လေသည်။

Xia Xiaoman မှာ ထိုနေရာတွင် ရပ်ကာ ဆံပင်ကို ကုတ်နေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်တွင် သူက အရှင့်သား၏ အရေးကိစ္စများကို တွေးနေကာ ဆံပင်ကျွတ်လုနီးပါး ဖြစ်နေသည်။ အရှင့်သားမှာ ဘာကြောင့် သူ့ကိုယ်သူ မကောင်းသတင်းလွှင့်ချင်နေသည်လဲ။ အရှင့်သားမှာ ချီမိသားစုကို ဘာကြောင့် တမင်တကာ အချိန်ဆွဲနေသည်လဲ။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now