အခန်း(၇၅)

107 12 6
                                    

အခန်း(၇၅)

သူ၏ မကျေမနပ်ဖြစ်နေမှု။







Gu Feiyan မှ ဗိုက်ဆာနေမည်ကို စိုးရိမ်ကာ Cheng Yifei  မှာ အရှင်ကုန်းဖြင့် တွေ့ရန်မသွားခင် သူမအတွက် အစားအသောက် ပြင်ဆင်ပေးရန် အစေခံမိန်းကလေးကို စီစဉ်ပေးခဲ့သည်။

Gu Feiyan မှာ ယာဂုနှင့် စိမ်းစိုသော အသီးအရွက်များကို မြင်သည်နှင့် တစ်ပြိုင်နက် သူမ၏ နှလုံးသားထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု ပေါ်လာသည်။ စစ်တပ်တွင်း၌ နေထိုင်သော Cheng Yifei ကဲ့သို့ အမျိုးသားတစ်ယောက်မှာ ဤမျှ စေ့စပ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမစားနေစဉ်တွင် အရှင်ကုန်းမှ လာရောက်ခြင်း၏ ရည်ရွယ်ချက်ကို စဉ်းစားနေခဲ့သည်။

အတန်ကြာပြီးနောက် Cheng Yifei မှာ အပြုံးဖြင့် ပြန်ရောက်လာသည်။ "ဆေးမိန်းကလေးငယ်လေး၊ ဒါက သတင်းကောင်းပဲ။ မှန်းကြည့်။"

Gu Feiyan မှာ အစာစားနေစဉ်ရင်း တိုက်တွန်းလိုက်သည်။ “ကွေ့ပတ်မနေပဲ ကျွန်မကို မြန်မြန်ပြောပါ။"

Cheng Yifei မှာ ပြောလိုက်သည်။ “ဝူကုန်းကုန်းနဲ့ ဆေးဝါးပညာရှင်ကျန်းက ပတ်သက်နေတယ်။"

"တိုက်ဆိုင်လိုက်တာ။ သူတို့ ဘယ်လို ပတ်သက်နေတာလဲ။"

Gu Feiyan မှာ မယုံနိုင်လောက်အောင်ပင်။ တစ်စုံတစ်ယောက်မှာ သူမကို အိပ်ချင်နေစဥ် ခေါင်းအုံးတစ်လုံး ပေးလာသည်လား။

" ပြီးခဲ့တဲ့အကြိမ် မင်းကို ပြန်ပေးဆွဲသွားတဲ့ လုပ်ကြံသူတွေက ဆေးပို့မယ့်လမ်းကြောင်းကို သိဖို့အတွက် ဝူကုန်းကုန်းက ဆေးဝါးပညာရှင်ကျန်းကို လာဘ်ထိုးခဲ့တယ်လို့ ပြောနေကြတယ်။ သူတို့က နန်းတွင်းဝင်ပြီး လူဖမ်းဖို့ ခွင့်ပြုချက်တောင်းတော့မှ ဝူကုန်းကုန်း ပျောက်နေတာကို တွေ့သွားကြတာ။ အရှင်ကုန်း ဒီကို ရောက်လာတာက… "

Cheng Yifei မှာ စကားမဆုံးခင် Gu Feiyan  မှာ ပါးစပ်မှ ဂျုံယာဂုတစ်လုတ် သူ၏ မျက်နှာအနှံ့ ဖြန်းခနဲ ထွေးထုတ်မိသွားတော့သည်။ Cheng Yifei မှာ တောင့်တင်းသွားပြီး Gu Feiyan မှာ အလျင်စလို တောင်းပန်လိုက်လေသည်။ “ကျွန်မ မရည်ရွယ်ပါဘူး။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now