အခန်း(၂)

401 25 2
                                    

အခန်း(၂)

နက်နဲကုန်းမြေ။ ကောင်းကင်မီးလျှံတိုင်းပြည်။





Gu Feiyan မှာ လက်ထဲတွင် သေးငယ်သော ဆေးအိုးလေးဖြင့် သတိရလာသည်။ ၎င်းမှာ သူမဆရာဖြစ်သူ၏ ဆေးအိုးလေးပင်။ မကြာခင် သူမ၏ စိတ်ထဲသို့ မရေမတွက်နိုင်သော မှတ်ဥာဏ်များမှာ စီးဝင်လာတော့သည်။  သူမက သေဆုံးသွားခြင်း မရှိပဲ ဆရာဖြစ်သူမှ နက်နဲကုန်းမြေဟုခေါ်သော နေရာတွင် အမှန်တကယ် ပြန်မွေးဖွားလာသည်။

Gu Feiyan ၏ ဝိဥာဥ်မှာ ကောင်းကင်မီးလျှံတိုင်းပြည် ကျင်းယန်မြို့တော်တွင် ပြန်၍ မွေးဖွားလာသည်။ မူလပိုင်ရှင်မှာ သူမနှင့် အတိအကျ တူညီနေကာ နာမည်မှာလည်း ကုဖေးယန်ပင်။ တိုက်ဆိုင်လှစွာ မူလပိုင်ရှင်မှာ အသက်ရှစ်နှစ်တွင် ရေနစ်ခဲ့ကာ ကယ်ဆယ်ခံခဲ့ရသည်။ တစ်နှစ်သတိလစ်နေခဲ့ပြီးနောက် သူမက အတိတ်မေ့ကာ သတိရလာသည်။ သူမ ( ကုဖေးယန်) ကဲ့သို့ပင် သူမ (မူလပိုင်ရှင်)တွင် ငယ်ဘဝမှတ်ဥာဏ်များ မရှိချေ။

ကုမိသားစုမှာ မူလတွင် မိသားစုကြီးဖြစ်သော်လည်း ဆုတ်ယုတ်လာသည်။ မူလပိုင်ရှင်မှာ နန်းတော်သို့ ကျွန်အဖြစ် ဝင်ရောက်ရန် ဖိအားပေးခံခဲ့ရသည်။ သူမက တော်ဝင်ဆေးပေးခန်းတွင် ဆေးကျွန်ဖြစ်လာကာ ပြီးခဲ့သည့် ရက်အနည်းငယ်ကမှ ဆေးဝါးမိန်းကလေးအဖြစ် ရာထူးတိုးခံရခြင်း ဖြစ်သည်။ ယနေ့ညတွင် မူလပိုင်ရှင်မှာ နန်းမြို့တော်အပြင်ရှိ အရှေ့ဘက်စစ်စခန်းမှ စစ်သူကြီးChengထံသို့  ဆေးနှင့် ဆေးရည်များ ပို့ပေးရန် အမိန့်ရလာသည်။ သူမက စစ်စခန်းသို့ နေမထွက်ခင် ရောက်ရှိရမည်ဖြစ်ပြီး မဟုတ်လျှင် သူမ၏ အသက်အား ထိန်းသိမ်းနိုင်မည် မဟုတ်ပေ။

“နက်နဲကုန်းမြေ.. ကုမိသားစု… ပြီးတော့ ဆေးဝါးမိန်းကလေး။"  Gu Feiyan မှာ ဆေးအိုးလေးအား ပိုက်ကာ  အတွေးများနေသည်။

သူမက ဘာလို့ ပြန်မွေးဖွားလာတာလဲ။

အဲ့တာက ဆရာBai Yiရဲ့ စွမ်းအားကြောင့်လား ဒါမှမဟုတ် နက်နဲကုန်းမြေနဲ့ ရေခဲစိတ်ဝိဥာဥ်ပင်လယ်ကြားထဲက လျှို့ဝှက်ဆက်သွယ်မှုကြောင့်လား။ သူမက ရေခဲစိတ်ဝိဥာဥ်ပင်လယ်ကို ပြန်သွားနိုင်ပါ့မလား။ နက်နဲကုန်းမြေမှာ ရေခဲစိတ်ဝိဥာဥ်ပင်လယ်အကြောင်း သိတဲ့သူ တစ်ယောက်ယောက်များ ရှိနေမလား။ ဆရာ .. ကျွန်မကို ဘာလို့ ဒီထူးဆန်းတဲ့ကုန်းမြေဆီ လာစေချင်ရတာလဲ။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now