အခန်း(၃၀)

131 13 2
                                    

အခန်း(၃၀)

မတော်တဆ လုပ်ကြံသူဖြင့် တွေ့ရခြင်း။




Gu Feiyan မှာ ပုံဆွဲရန် မှင်နှင့် စာရွက်လိုချင်နေခြင်းပင်။ တောအုပ်မှာ ကြီးမားလှပြီး သူမက တစ်ယောက်တည်း ဆေးရှာရန်အထိ မရူးမိုက်သေးပေ။ သူမက ephedra  သုံးမျိုးအား ဆွဲလိုက်သည်။ မြင်းမြီးအက်ဖီဒရာ၊ အလယ်အက်ဖီဒရာနှင့် မြက်အက်ဖီဒရာတို့ပင်။

မြင်းမြီးအက်ဖီဒရာမှာ သုံးမျိုးတွင် အကောင်းဆုံးအာနိသင်ရှိကာ အလယ်အက်ဖီဒရာနှင့် မြက်အက်ဖီဒရာတို့မှာ နောက်မှလိုက်လာလေသည်။ ထိုသည်အား ကြားလျှင် တပ်သမားတော် Guo၏ မျက်နှာမှာ နီရဲသွားကာ လျှို့ဝှက်စွာဖြင့်  Gu Feiyan ၏ အပြုအမူအား သဘောကျမိပြန်သည်။

Cheng Yifei မှာ ချက်ချင်းပင် လက်ထောက်စစ်သူကြီးကျိုးအား Gu Feiyan  မှ ပြောသည့်အတိုင်း ဆောင်ရွက်ရန် အမိန့်ပေးလိုက်လေသည်။ Xu Bin  နှင့် စားဖိုဆောင်အစေအပါးများမှာ မျက်ရည်များကျနေလေသည်။ သူတို့၏ အသက်များအား ဤမျှ အလေးအနက်ထားပေးမည်ဟု မည်သည့်အချိန်ကမှ မထင်မှတ်ထားခဲ့ပေ။ မကြာခင် စစ်သားတစ်အုပ်မှာ မီးတိုင်များအား လက်တွင်ကိုင်ကာ ထွက်သွားကြတော့သည်။

ထွက်မသွားခင်  Gu Feiyan  မှာ သမားတော်Guo အား လှည့်ကြည့်လိုက်သည်။ သူမက သူနှင့် ငြင်းခုန်ခဲ့စဥ်ကကဲ့သို့ ရန်လို ခေါင်းမာမှုများ မရှိတော့ပဲ မျက်လုံးများမှာ ယခုတွင် အလေးအနက်စိတ်ရင်းဖြင့် ပြောလိုက်သည်။ “သမားတော် Guo … ကျန်တဲ့အချိန်အတွက် ကျွန်မက ရှင့်ကို အားကိုးပါမယ်။ ကျေးဇူးပြုပြီး အစွမ်းကုန် ကြိုးစားထားပေးပါ။"

သမားတော်Guo မှာ အံ့အားသင့်နေလေသည်။ သူက အလွန်အမင်း ဆန္ဒမရှိသည်မှာ ရှင်းလင်းနေသော်လည်း အကြောင်းပြချက်တစ်ချို့ကြောင့် မတတ်သာပဲ Gu Feiyan  အား ကျယ်လောင်စွာ ဖြေကြားလိုက်သည်။ "စိတ်မပူနဲ့... ဘယ်လိုပဲဖြစ်ဖြစ် ဒီအဘိုးကြီးက မင်းရဲ့သတင်းကောင်းကို စောင့်ဖို့ အကောင်းဆုံးလုပ်ပေးထားမယ်။”

ထိုအချိန်မှသာ  Gu Feiyan  နှင့်  Cheng Yifei  မှာ ထွက်သွားလေသည်။ သူမက တံခါးသို့ ရောက်စတွင်ပင် သခင်မလင်းဖြင့် ဝင်တိုက်မိတော့သည်။ သခင်မလင်းမှ သူမ၏ သားမှ Gu Feiyan  အား ပြန်ပေးဆွဲလာသည်ဟုကြားလျှင် စုံစမ်းရန်ရောက်လာကာ စားဖိုဆောင်၌ တစ်စုံတစ်ခု ဖြစ်နေကြောင်း သတင်းရရှိခဲ့ခြင်းပင်။ သူမက တံခါးတွင် အချိန်တစ်ခုကြာအထိ ရပ်နေပြီး တဲအတွင်း ဖြစ်ပျက်နေသမျှအား အကဲခတ်နေသည်။ Gu Feiyan  မှာ  ထွက်လာသည်အား မြင်လျှင် ရှောင်တိမ်းချင်သော်လည်း နောက်ကျသွားကာ မျက်နှာတွင် ဝင်တိုက်မိတော့သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now