အခန်း(၂၉)

135 17 2
                                    

အခန်း(၂၉)

အလောင်းအစား နိုင်မှရမယ်။







အသက်တစ်ချောင်းအား  အလွယ်တကူ စွန့်လွှတ်နိုင်သော သမားတော်တစ်ယောက်အား  Gu Feiyan မှာ လုံးလုံးလျားလျား မယုံနိုင်ပေ။

သူမက ဆေးညွှန်းတွင် ပါဝင်သော ဆေးဝါးများ၏ ပေါင်းစပ်မှုနှင့် သောက်သုံးရန်ပမာဏ သင့်လျော်မှုရှိမရှိအား ဦးစွာစစ်ဆေးရလိမ့်မည်။ မဟုတ်လျှင် သူမတွင် ephedra ရှိနေလျှင်တောင် အသုံးမဝင်နိုင်ပေ။
ကံကောင်းထောက်မစွာဖြင့် ဆေးညွှန်းသည်ဆုံးဖြတ်ရကျိုးနပ် လေသည်။

Gu Feiyan မှာ ဆေးညွှန်းတွင် အမှားအယွင်းမရှိကြောင်း အတည်ပြုပြီးနောက် ၎င်းအား ဆက်လက်စိုက်ကြည့်နေသည်။ သူမက ဆေးညွှန်းအား စစ်ဆေးနေဟန်တူသော်လည်း အမှန်တကယ်တွင် ဆေးအိုးလေးအား စိတ်ထဲမှ အမိန့်ပေးနိုင်ရန် ကြိုးပမ်းရင်း သူမ၏ အသိစိတ်အား အာရုံစိုက်နေသည်။ မည်သို့သော ephedra  အရည်အသွေးဖြစ်ပါစေ ဆေးအိုးလေးတွင် အများအပြား ရှိနေသည်။ အကယ်၍ ဆေးအိုးလေးမှာ အနည်းငယ် ပို၍အားကောင်းလာလျှင် ကိစ္စများမှာ ပို၍ လွယ်ကူနိုင်သည်။ မဟုတ်လျှင် သူမက တောင်ပေါ်တောထဲတွင် ရှာဖွေရပေမည်။

ထိုသည်အားမြင်လျှင် တပ်သမားတော်မှာ လက်ထောက် စစ်သူကြီးကျိုးအား ဘာဖြစ်နေတာကြောင်း အသံတိုးတိုးဖြင့် မေးလိုက်သည်။ Gu Feiyan တွင် ephedra ရှိနေကြောင်း လက်ထောက်စစ်သူကြီးကျိုးမှ ပြောလာလျှင် တပ်သမားတော်မှာ အလွန် ဝမ်းသာသွားတော့သည်။ "ငါ့ရဲ့ဒီဆေးစာက မမှားပါဘူး။ ဆေးမိန်းကလေးကု မင်းမှာဆေးရှိတယ်ဆိုရင် မြန်မြန်ထုတ်လိုက်ပါ။”

Gu Feiyan မှာ တပ်သမားတော်အား လျစ်လျူရှုနေလေသည်။

သူမက အသိစိတ်များအား အာရုံစူးစိုက်ကာ  အကောင်းဆုံးကြိုးစားနေပြီး ဆေးအိုးလေးမှ သူမအား ခံစားမိစေရန် မျှော်လင့်နေသည်။ သို့တိုင် ကံမကောင်းစွာပဲဖြင့် ဆေးအိုးလေးမှာ စိတ်မပြေသေးပဲ အနည်းငယ်ပင်တုံ့ပြန်မှုမရှိပေ။

Gu Feiyan မှာ အချိန်ထပ်မဖြုန်းတော့ပဲ Cheng Yifei အား အလေးအနက်ပြောလိုက်သည်။ "ကျွန်မမှာ ephedra မရှိဘူး။ ဒါပေမယ့် ကျွန်မ ရှာဖို့ တောင်တောထဲ သွားနိုင်တယ်။”

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now